Powered by Blogger.

Samsung က Galaxy J1 ကို လည်း ၂၀၁၆ ဗားရှင်းနဲ့ ထုတ်လုပ်ဦးမယ်လို့ သတင်းထွက်




Samsung ဟာ သူတို့ထုတ်လုပ်ထားတဲ့ စမတ်ဖုန်းတော်တော်များများကို ၂၀၁၆ ဗားရှင်းနဲ့ ထပ်မံထုတ်လုပ်ဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ ထွက်ပေါ် လာပါတယ်။ အဲဒီအထဲမှာတော့ ဒီနှစ် ဖေဖော်ဝါရီလမှာ စတင်ထုတ်လုပ်ခဲ့တဲ့ Galaxy J1 စမတ်ဖုန်းလည်း ပြန်လည်ပါဝင်လာပါတယ်။ ထို ၂၀၁၆ ဗားရှင်းကိုတော့ Galaxy J1(2016) လို့ အမည်ပေးသွားမှာဖြစ်တယ်လို့လည်း သိ၇ပါတယ်။

Galaxy J1(2016) ဟာ မူလ Galaxy J1 ထက် မျက်နှာပြင်ပိုကျယ်ပြီး ၄.၅ လက်မရှိတယ်လို့ သိရပါတယ်။ ကြည်လင်ပြတ်သားမှုကတော့ 480x800 Pixels ရှိပြီး 1.3GHz quad-core Exynos 3457 Processor ၊ 1GB RAM နဲ့ Mali-720 GPU တို့ကိုလည်း တပ်ဆင်ထားတယ်လို့ သိရပါတယ်။ ANdroid 5.1.1 Lollipop စနစ်ကိုထည့်သွင်းပေးထားမှာဖြစ်သလို အတွင်းသိုလှောင်ပမာဏ ကတော့ 8GB အထိ ပါဝင်နေပါတယ်။ Dual-SIM လည်း Support ပြုလုပ်ပေးနိုင်ပါတယ်။

ထိုလုပ်ဆောင်ချက်တွေအားလုံးကတော့ မူလ Galaxy J1 ထက် ပိုမို ကောင်းမွန်နေပြီး တူညီတာတစ်ခုကတော့ ကင်မရာပဲ ဖြစ်ပါတယ်။ Galaxy J1(2016) ဟာလည်း အနောက်ကင်မရာ 5 Megapixel နဲ့ အရှေ့ ကင်မရာ 2 Megapixel တို့ပါဝင်နေပါတယ်။

၂၀၁၆ ခုနှစ်မှာ Samsung ဟာ Galaxy S7 နဲ့အတူ စမတ်ဖုန်းများစွာကို ထုတ်လုပ်သွားမယ့် သတင်းတွေ ဆက်တိုက်ဆိုသလို ထွက်ပေါ်နေပြီး ဒီသတင်းတွေနဲ့ ပတ်သက်လို့ Samsung က တိကျသေချာတဲ့ အတည်ပြုချက်မျိုးမပေးသေးပါဘူး။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment