Powered by Blogger.

Samsung က သုံးဘက်မြင်စခရင်နှင့် Samsung Glaxy S7 ကိုထုတ်လုပ်မည်



S6နှင့်အလားသဏ္ဍန်တူညီသော်လည်း ကင်မရာ၊ နဲ့အမြင်ကိုထောက်ပံ့မယ့်စနစ်တွေတူညီမှာမဟုတ်

Samsung Glaxy S6ကဈေးကွက်ထဲဖြန့်ထားလပိုင်းမျှသာကြာသေးပေမယ့် နောက်ထပ်ဖုန်းအသစ်တစ်လုံးကိုထပ်ထုတ်မယ့်သတင်းတွေက အင်တာနက်ပေါ်မှာဆူညံနေပြန်ပါပြီ၊

ကောလာဟလသတင်းတွေအရ Glaxy S7 မှာ ဖိအားထိသိမျက်နှာပြင်ပါဝင်လာမှာဖြစ်ပြီး၊ Apple ရဲ့ iPhone 6s မှာပါဝင်တဲ့ 3D စခရင်တွေနဲ့တူညီတယ်လို့သိရပါတယ်၊

ဖိအားသိမျက်နှာပြင်အပြင် နောက်ထပ်ပါဝင်လာမယ့် အရာကတော့ အားသွင်းရအလွန်မြန်ဆန်တဲ့ High-Speed Charging၊ အရည်အသွေးမြင့်ကင်မရာနဲ့ မျက်ကြည်လွှာကို Scan ဖတ်တဲ့စနစ်တို့ပဲဖြစ်ပါ
တယ်၊

တရားဝင်မထုတ်ပြန်သေးပေမယ့် ဒီဖုန်းဟာ Samsung Glaxy S7ဟာ လက်ရှိထွက်ထားတဲ့ Samsung Glaxy S6ထက် ဆယ်ရာခိုင်နှုန်းခန့်ဈေးလျော့နည်းနိုင်တယ်လို့သိရပါတယ်၊ ဆိုလိုတာကတော့
Samsung Glaxy S7 ဟာ မော်ဒယ်ပေါ်မူတည်ပြီး ၅၀၃ဒေါ်လာကနေ ၇၂၀ဒေါ်လာအကြား ရှိနိုင်တာဖြစ်ပါတယ်၊

Samsung Glaxy S6ရဲ့ မျက်နှာပြင်ကွေးဖုန်းကအောင်မြင်မှုရရှိခဲ့တာကြောင့် ဒီဖုန်းမှာပါ သူတို့မူပိုင်ခွင့်ရရှိထားတဲ့ကွေးဆန့်မျက်နှာပြင်ကို ထည့်သွင်းဖို့ကြိုးပမ်းလာနိုင်တယ်လို့သိရပါတယ်၊

ဒါဟာ Samsung က Apple ကို ဒေါ်လာ၅၂၈သန်းလျှော်ကြေးပေးဖို့ သဘောတူညီမှုရရှိခဲ့ပြီးနောက်ပိုင်း ကိုရီးယားကုမ္ပဏီ နဲ့ ကယ်လီဖိုးနီးယားကုမ္ပဏီတို့အကြားမှာ ထပ်ပြီးယှဉ်ပြိုင်မှုတစ်ခုဖြစ်လာဖွယ်ရှိ
နေပါတယ်၊ ဒီကုမ္ပဏီနှစ်ခုဟာ ၂၀၁၀ကနေ၂၀၁၂အတွင်း Apple ကဒေါ်လာ တစ်ဘီလျှံအထိ နစ်နာကြေးရဖို့ တရားရုံးကဆုံးဖြတ်ပေးခဲ့တဲ့အထိ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးနောက်ပိုင်းမှပြန်လည်လျှော့ချပေး
ခဲ့ပါတယ်၊



(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: Daily Mail




Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment