Powered by Blogger.

Xiaomi Mi 5 ရဲ့ အသေးစိတ်အချက်အလက်များ ၊ ကောလာဟာလ အနေနဲ့ ထွက်ပေါ်လာ




Xiaomi ရဲ့ အသစ်ထပ်မံ ထုတ်လုပ်မယ့် စမတ်ဖုန်းဟာ Snapdragon 820 Processor ကို အသုံးပြုထားတဲ့ ပထမဆုံး ဟန်းဆက်ဖြစ်လာတော့မှာပါ။ E-Commerce ၀က်ဘ်ဆိုက်တစ်ခုကလည်း Xiaomo Mi 5 ရဲ့ ဖြစ်နိုင်ချေရှိတဲ့ ပါဝင်ပစ္စည်း အသေးစိတ်ကို ဖော်ပြလိုက်ပြန်ပါတယ်။

Oppomart ဆိုတဲ့ အွန်လိုင်းဈေးဝယ် ၀က်ဘ်ဆိုက် မှာ ဖော်ပြထားတဲ့ Xiaomi Mi 5 ရဲ့ သတင်းတွေသာ မှန်ကန်ခဲ့မယ်ဆိုရင်တော့ Mi 5 ဟာ အကောင်းဆုံး ဟာ့ဒ်ဝဲ တွေကို ထည့်သွင်းထားတဲ့ စမတ်ဖုန်းတစ်လုံးဖြစ်လာမှာပါ။ သူတို့ရဲ့ ဖော်ပြချက်အရတော့ Xiaomi Mi 5 မှာ ၅.၅ လက်မ ကျယ်ဝန်းပြီး Quad High Definition (1440x2560) ကြည်လင်ပြတ်သားတဲ့ မျက်နှာပြင် ပြသမှုလည်း ပါဝင်မှာဖြစ်ပါတယ်။

ဖုန်းတစ်ခုလုံးကို မောင်းနှင်ပေးမယ့် Processor အနေနဲ့ကတော့ Qualcomm က ကြေညာထားတဲ့ Octa-Core Snapdragon 820 SoC ကို 2.5GHz မှာ အသုံးပြုထားမှာဖြစ်ပြီး RAM ကတော့ 4GB အထိပါဝင်မှာ ဖြစ်ပါတယ်။ သိုလှောင်ပမာဏ ဖြစ်တဲ့ Storage အနေနဲ့ကတော့ 16GB ၊ 64GB နဲ့ 128 GB တို့ စသဖြင့် ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။

ကင်မရာ အနေနဲ့ကတော့ 20-Megapixel ရှိတဲ့ အနောက်ကင်မရာ နဲ့ 8-Megapixel ရှိတဲ့ အရှေ့ကင်မရာတို့ကို ထည့်သွင်းပေးသွားမှာဖြစ်ပြီး ဘက်ထရီကတော့ 3800mAh ဘက်ထရီ ဖြစ်ပါတယ်။ ဖုန်းမှာပါဝင်တဲ့ စပီကာတွေကတော့ ပရော်ဖက်ရှင်နယ် Hi-Fi စနစ်ကို စွမ်းဆောင်ပေးနိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။ အဓိက မောင်းနှင်တဲ့ စနစ်အတွက်ကတော့ Android 5.1 Lollipop ကို အခြေခံထားတဲ့ MIUI 7 ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။

ဈေးနှုန်းအားဖြင့်တော့ ၅၉၉ ဒေါ်လာ ခန့်ကျသင့်မယ်လို့ ထို ၀က်ဘ်ဆိုက်က ခန့်မှန်းပြောဆိုထားပါတယ်။ အရင်တုန်းက ထွက်ပေါ်ဖူးတဲ့ ကောလာဟလ တစ်ခုကတော့ Mi 5 မှာ Home Button ခလုတ်ပါဝင်မှာဖြစ်ပြီး ထိုခလုတ်ပေါ်မှာတင် လက်ဗွေရာကို စစ်ဆေးတဲ့ Fingerprint Scanner ကို ထည့်သွင်းထားမှာဖြစ်တယ်ဆိုတာပါပဲ။

လက်ရှိမှာတော့ Mi 5 နဲ့ ပတ်သက်ပြီး Xiaomi က ဘာသတင်းမှာ အတိအကျ မထုတ်ပြန်သေးပေမယ့် ဇန်န၀ါရီ ၂၁ ရက်နေ့မှာ ထို Mi 5 ကို ထုတ်လုပ်မယ်လို့ သတင်းတွေထွက်ပေါ်နေပါသေးတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment