Powered by Blogger.

ပစ္စည်းတွေကို နာရီဝက်အတွင်းပို့ဆောင်နိုင်တဲ့ စက်ရုပ်ယာဉ်တွေကို Skype ပူးတွဲတည်ထောင်သူတွေ စမ်းသပ်မည်




Google ဟာ ဒရုန်းလေယာဉ်တွေမှာ ရင်းနှီးမြှပ်နှံနေပေမယ့် Skype ပူးတွဲတည်ထောင်သူတွေကတော့ အနာဂတ်စက်ရုပ်နည်းပညာဟာ မြေကြီးပေါ်မှာရှိမယ်လို့ ယုံကြည်နေကြပါတယ်။

ထိန်းချုပ်သူမရှိ၊အလိုအလျောက်သွားလာနိုင်တဲ့ စက်ရုပ်ကလေးတွေဟာ မကြာခင် လူသွားလမ်းတွေပေါ်မှာ မြင်တွေ့ နေကြအရာတစ်ခုဖြစ်လာနိုင်တယ်လို့ ယုံကြည်နေကြပြီး အိမ်မှုဝေယျာဝစ္စတွေနဲ့  ဈေးဝယ်ခြမ်းတဲ့ အလုပ်ကို ပြီးပြည့်စုံအောင်လုပ်ဆောင်နိုင်မယ်လို့ လည်း ယုံကြည်ထားကြပါတယ်။

ယခုအခါ Starship Technologies ဟာ လန်ဒန်မှာ ၎င်းတို့ ရဲ့ မောင်းသူမဲ့ကုန်ပစ္စည်းပို့ ဆောင်စက်ရုပ်တွေကို  စမ်းသပ်ဖို့ ပြင်ဆင်လျက်ရှိပြီး နောက်နှစ်ထဲ US ရဲ့ တစ်ချို့ နေရာတွေမှာလည်း စမ်းသပ်သွားဖို့ ရှိပါတယ်။နာမည်မပေးရသေးတဲ့စက်ရုပ်လေးတွေဟာ သေးငယ်ပေမယ့် စိတ်ချလုံခြုံမှုရှိသလို အသုံးဝင်တဲ့ စက်ရုပ်လေးတွေဖြစ်ပြီး CO2 ဓာတ်ငွေ့ ထုတ်လုပ်မှုလည်းမရှိဘူးလို့ တီထွင်သူတွေက ဆိုပါတယ်။

“ အွန်လိုင်းကနေ မှာလိုက်ပြီဆိုတာနဲ့ ၊ ကိုယ့်အခန်းတံခါးကို တစ်ယောက်ယောက်ကလာခေါက်ပြီး ပစ္စည်း လာပို့ ပေးတာကိုကြုံရမယ့်အစား၊ မကြာခင်မှာ စက်ရုပ်က လာပို့ ပေးတာကို မြင်တွေ့ ရတော့မှာဖြစ်ပါတယ်” လို့  Skype ကို ပူးတွဲတည်ထောင်သူလည်းဖြစ်၊ Starship Technologies ရဲ့ CEO လည်းဖြစ်တဲ့ Ahti Heinla က ပြောပြပါတယ်။

ဈေးဝယ်အိတ်နှစ်အိတ်စာနဲ့ ညီတဲ့ပမာဏကို သယ်ဆောင်နိုင်ပြီး ဒေသတွင်းပို့ ဆောင်မှုကို ငါးမိနစ်ကနေ မိနစ် သုံးဆယ်အတွင်းအပြီးလုပပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။ စက်ရုပ်က ကုန်ပစ္စည်းသယ်ဆောင်လာချိန်မှာ၊ ဈေးဝယ်သူက စမတ်ဖုန်း app ကနေတဆင့် စက်ရုပ်ရဲ့ တည်နေရာကို ခြေရာခံကြည့ှ်ရှုနိုင်ပြီး ဈေးဝယ်သူဆီ စက်ရုပ်ရောက်လာမှ စမတ်ဖုန်းကနေတဆင့် စက်ရုပ်ရဲ့ကုန်ပစ္စည်းထည့်လာတဲ့အပိုင်းကို ဖွင့်နိုင်မှာဖြစ်ပါတယ်။

Starship ရဲ့ ယခုနည်းပညာဟာ လက်ရှိ delivery ကုန်ကျစရိတ်တွေထက် ၁၀ ဆ ၁၅ ဆ လောက် ပိုမိုဈေး သက်သာမှာဖြစ်ပါတယ်။


( Ye Wint )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: DailyMail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment