Powered by Blogger.

Password မဲ့ login ဝင်နိုင်ရန်အတွက် Google စမ်းသပ်နေ



သင့်ရဲ့ Google account ကို နောက်တစ်ကြိမ် login ဝင်မယ်ဆိုရင် password တွေ ရိုက်နေစရာမလိုတော့ပါဘူး။ Password မဲ့ login ဝင်နိုင်ဖို့အတွက် နည်းလမ်းသစ်တစ်ရပ်ကို Google က စမ်းသပ်နေတယ်လို့ Google က အတည်ပြုခဲ့ပါတယ်။

"Google accountတွေကို sign-in ဝင်ဖို့အတွက် နည်းလမ်းသစ်တစ်ရပ်ကို စမ်းသပ်နေပါတယ်။ အဲ့ဒီ့အတွက် အုပ်စုတစ်စုကို ဖိတ်ခေါ်ထားပါတယ်။ 'Pizza', 'password', '123456' စတဲ့ password တွေကို ရိုက်နေစရာလိုတော့မှာ မဟုတ်ပါဘူး။" လို့ Google မှ ပြောရေးဆိုခွင့်ရှိသူက VentureBeat ကိုပြောသွားပါတယ်။

Sign-in feature သစ်ရဲ့ screenshot ကို Reddit အသုံးပြုသူ Rohit Paul ကနေ ထုတ်ဖော်ပြသခဲ့တဲ့နောက် ဒီသတင်းတွေ တက်လာတာဖြစ်ပါတယ်။ ပထမဆုံးတွေ့ခဲ့ရတာကတော့ Android Police မှာပါ။ Password မလိုဘဲ login ဝင်နိုင်ဖို့အတွက်ကို authentication နှစ်ဆင့်ပြုလုပ်ရမှာဖြစ်ပြီး သင်လိုအပ်တဲ့ တစ်ခုတည်းသော ပစ္စည်းကတော့ သင့် စမတ်ဖုန်းပါပဲ။ အသုံးပြုသူတွေအနေနဲ့ ပထမဆုံး set up လုပ်ထားရမှာ ဖြစ်ပြီး မိမိရဲ့ ဖုန်းကို authorise ပေးထားရမှာပါ။ ဒါပေမဲ့ မိမိဖုန်းကို သူများတွေ ရယူသုံးစွဲခွင့်မရစေဖို့ကိုတော့ lockscreen ခံထားဖို့ လိုပါတယ်။

"Set up လုပ်ပြီးတာနဲ့၊ တခြား ကွန်ပျူတာနဲ့စက်တွေကနေ Google ကို ဝင်ဖို့လုပ်တဲ့အခါ၊ သင့် email address ကိုသာ ရိုက်ထည့်ရမှာဖြစ်ပြီး ဝင်ရောက်မလားဆိုတာကို အမေးခံရမှာပါ။ သင်ဟာ တခြားစက်တစ်ခုကနေ ဝင်ဖို့ကြိုးစားနေသူလားလို့ မေးတဲ့ notification တစ်ခု သင့်ဖုန်းပေါ်မှာ ပေါ်လာပါလိမ့်မယ်။ Approve လုပ်ပြီးပြီဆိုတာနဲ့၊ တာ့ဒါ၊ account ထဲ ဝင်ပြီးသွားပါပြီ။" လို့ Android Police က ရှင်းပြထားပါတယ်။

( Skyler )






#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: tech.firstpost
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment