Powered by Blogger.

Sony က ၄၀ ရာခိုင်နှုန်းပိုမို ကောင်းမွန်လာမယ့် စမတ်ဖုန်း ဘက်ထရီ တစ်မျိုး ကို ဖန်တီးနေ




နည်းပညာ နယ်ပယ်တစ်ခုလုံးက လီသီယမ် အိုင်းယွန်း ဘက်ထရီတွေကို အရေးကြီးတဲ့ ပြောင်းလဲမှုတွေ ပြုလုပ်နိုင်ဖို့ ရုန်းကန်နေကြစဉ်မှာပဲ Sony ဟာ စွမ်းအင် သိပ်သည်းမှုကို ရေရှည် တည်တံ့စွာ များပြားလာစေမယ့် ခြားနားတဲ့ ပေါင်းစပ်မှု တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မီဒီယာ တွေရဲ့သတင်းဖော်ပြချက်အရ ဂျပန်အခြေစိုက် Sony ကုမ္မဏီဟာ လီသီယမ် အိုင်းယွန်း ဘက်ထရီတွေကို အစားထိုး ဘက်ထရီ ၂ခုပေါင်းစပ်တဲ့ ပရောဂျက် တစ်ခု လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Sony ကုမ္မဏီဟာ လီသီယမ်ဆာလဖာ နဲ့ မဂ္ဂနီဆီယမ်ဆာလဖာ ဘက်ထရီတွေကို ပေါင်းစပ်ပြီး သာမန် စမတ်ဖုန်းဘက်ထရီတွေထက် ထုထည်အားဖြင့် စွမ်းအင် သိပ်သည်းဆမှာ ၄၀ ရာခိုင်နှုန်းပိုများလာစေမယ့် ဘက်ထရီတစ်ခုကို ဖန်တီးနေတာဖြစ်တယ်လို့ ဂျပန်သတင်းစာ Nikkei ကဖော်ပြထားပါတယ်။

Sony ဟာ ဒီ ပရောဂျက်ကို လုပ်ဆောင်နေဆဲ ဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ စီးပွားဖြစ် ရောင်းချနိုင်အောင် ရည်ရွယ်ထားတယ်လို့လည်း သိရပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ ခုကျော်ကတည်းက စီးပွားဖြစ် ထုတ်လုပ်လာခဲ့တဲ့ လီသီယမ် အိုင်းယွန်း ဘက်ထရီတွေဟာ စွမ်းအင်သိပ်သည်းမှု အပိုင်းမှာတော့ အနိမ့်ဆုံး အဆင့်ကို ရောက်လုနီးပါးဖြစ်နေပါပြီ။ ဒီအခြေအနေဟာ စမတ်ဖုန်း ထုတ်လုပ်သူတွေအတွက် ပိုမိုများပြားတဲ့ စွမ်းအင်နဲ့ ပိုမိုကြီးမားတဲ့ ဘက်ထရီတွေကို သူတို့ထုတ်လုပ်တဲ့ စမတ်ဖုန်းတွေထဲ ပြောင်းလဲ ထည့်သွင်းစေဖို့ ဖြစ်လာခဲ့ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment