Powered by Blogger.

ဝေလငါး ဖမ်းဆီးမှု နဲ့ ပတ်သက်နေတဲ့ ၀က်ဘ်ဆိုက် ၉၇ ခုကို Anonymous တိုက်ခိုက်




ကမ္ဘာကျော် ဟက်ကာ အဖွဲ့ ဖြစ်တဲ့ Anonymous အဖွဲ့ဟာ စက်တင်ဘာလမှာ ဝေလငါး သတ်ဖြတ်မှု ဆန့်ကျင်ရေး အစီအစဉ်ကို စတင်ခဲ့ပြီးနောက်ပိုင်းမှာ ဂျပန် ၀က်ဘ်ဆိုက် ၉၇ ခုကို တိုက်ခိုက်ခဲ့တယ်လို့ ရဲ တပ်ဖွဲ့ကထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဂျပန် ရုပ်သံ လိုင်းဖြစ်တဲ့ NHK က တင်ပြထားတာကတော့ အစိုးရ အရာရှိတွေရဲ့ ဝက်ဘ်ဆိုက်တွေ ၊ လင်းပိုင်နဲ့ ဝေလငါး ဖမ်းဆီးသတ်ဖြတ်ခြင်းမှာ ပါဝင်ခဲ့တဲ့ အဖွဲ့တွေရဲ့ ဝက်ဘ်ဆိုက်တွေ ၊ ငါးပြတိုက်တွေရဲ့ ၀က်ဘ်ဆိုက်တွေ ၊ သတင်းအဖွဲ့အစည်းတွေ နဲ့ လေဆိပ်တွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ပိုပြီးထူးခြားတာက ဂျပန် ၀န်ကြီးချုပ် Shinzo Abe ရဲ့  ပုဂ္ဂိုလ်ရေး ၀က်ဘ်ဆိုက်ကိုလည်း တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

ကမ္ဘာတစ်ဝှမ်းမှာ တိရိစ္ဆာန် အခွင့်အရေး ကာကွယ်သူတွေအဖြစ်ရပ်တည်နေတဲ့ Anonymous အဖွဲ့ဟာ ဂျပန်နိုင်ငံ ရဲ့ ဝေလငါးဖမ်းဆီးမှု လေ့ကျင့်ခြင်းအတွက်လည်း ဆန္ဒထုတ်ဖော်ခဲ့ဖူးပါတယ်။

ဂျပန်နိုင်ငံဟာ စီးပွားဖြစ် ဝေလငါး ဖမ်းဆီးခြင်းကို ဆယ်စုနှစ်တစ်ခုကျော်ကတည်းက တားမြစ်ခဲ့တယ်ဆိုပေမယ့် သိပ္ပံပညာ သုတေသနတွေအရတော့ အခုချိန် ထိ ဝေလငါးဖမ်းဆီးမှု တွေ ရှိနေဆဲပါ။ မနှစ်ကတုန်းကတော့ အပြည်ပြည်ဆိုင်ရာ ညီညွတ်မျှတရေး တရားရုံး က ဂျပန်နိုင်ငံဟာ နှစ်စဉ် အန္တာတိက သမုဒ္ဒရာအတွင်းမှာ ဝေလငါးများ ရာနဲ့ချီ ဖမ်းဆီး သတ်ဖြတ်ခံနေရမှုအတွက် လိုအပ်တဲ့ အထောက်အထားတွေကို ပြသဖို့ ပျက်ကွက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပြီး ဝေလငါးဖမ်းဆီးမှု လေ့ကျင့်ခြင်းကိုလည်း ရပ်နားရန် ညွှန်ကြားခဲ့ပါတယ်။

၂၀၀၉ ခုနှစ်က အော်စကာဆုရခဲ့တဲ့ The Cove ဆိုတဲ့ မှတ်တမ်းရုပ်ရှင် ကြောင့်လည်း ဂျပန်နိုင်ငံရှိ Taiji ဆိုတဲ့ကျေးရွာ ရဲ့  နှစ်စဉ် လင်းပိုင်ဖမ်းဆီးမှု ဟာ ရှုတ်ချခံခဲ့ရဖူးပါတယ်။ ဂျပန် ရဲတပ်ဖွဲ့က သတိပေးထားတာကတော့ Anonymous အဖွဲ့ဟာ နောက်နှစ် ဂျပန် နိုင်ငံ Mie စီရင်စုနယ်မှာ ကျင်းပမယ့် အင်အားကြီး၇နိုင်ငံ ဖွဲ့စည်းထားတဲ့ G7 ရဲ့  ညီလာခံ ကိုလည်း ပစ်မှတ်ထား တိုက်ခိုက်လာနိုင်တယ်ဆိုတာပါပဲ။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Metro
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment