Powered by Blogger.

ှStar Wars ဗားရှင်း ကာမသျှတ္တရ ကျမ်းကို Amazon က တဆင့် ရောင်းချ




ကမ္ဘာကျော် Star Wars ဇာတ်လမ်းဟာ Force ဆိုတဲ့ စွမ်းအင် တစ်ခုနဲ့ ပတ်သက်လို့ Light Side ဆိုတဲ့ အလင်းဘက် အခြမ်း ၊ Dark Side ဆိုတဲ့ အမှောင်ဘက် အခြမ်း နဲ့ ဘယ်တော့မှ အဆုံးမသတ်တဲ့ Force ဟန်ချက် ညီမျှမှု ဆိုပြီး ပါဝင်တာ အားလုံးသိပြီးသားပါ။ အခုတော့ Star Wars ဟာ လိင်ပိုင်းဆိုင်ရာ သင်ကြားပို့ချမှု တွေ လုပ်ဆောင်လာပြန်ပါပြီ။

အဲဒါကတော့ Star Wars ဗားရှင်း ကာမ သျှတ္တရ ကျမ်း ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ Star Wars ပရိတ်သတ်တွေအားလုံးဟာ မင်းသမီးလေး Leia ရဲ့  ရွှေရောင် ဘစ်ကနီ နဲ့ မြင်ကွင်းကို မမေ့ကြပါဘူး။ ဘယ်တုန်းကမှလည်း မကြောက်ခဲ့ကြပါဘူး။

ဒါပေမယ့် အခုတစ်ခေါက် လုံးဝတရားဝင်မဟုတ်တဲ့ Star Wars ဗားရှင်း ကာမသျှတ္တရ ကျမ်းမှာတော့ Imperial Forces နဲ့ Rebel Alliance တို့ရဲ့  အကောင်းမွန်ဆုံး ဓါတ်ပုံတွေပါဝင်လာပါတယ်။ မင်းသမီးလေး Leia နဲ့ Han Solo တို့ရဲ့  ဓါတ်ပုံတွေကို လိင်ဆက်ဆံတဲ့အသွင် ဖန်တီးထားသလို AT-AT စတိုင်လ် ဖြစ်တဲ့ Imperial Force အဖွဲ့ စက်ရုပ်တွေ ရဲ့  လိင်ဆက်ဆံနေတဲ့ ပုံရိပ်တွေကိုလည်း ထည့်သွင်းထားပါတယ်။

ဒီ Star Wars ဗားရှင်း ကာမသျှတ္တရ ကျမ်းကိုတော့ Amazon က တဆင့် ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment