Powered by Blogger.

နာမည်ကျော် ဗီဒီယိုဂိမ်း ဇာတ်ကောင်ဖြစ်တဲ့ မာရီယိုက Linkedin Page ဖန်တီး




ဂန္တ၀င် ဗီဒီယိုဂိမ်း ဇာတ်ကောင်ဖြစ်ပြီး Nintendo လာဘ်ကောင်လေးရဲ့ ကိုယ်ရေးရာဇ၀င်ကို Linkedin စီးပွားရေးကွန်ယက်မှာ အင်္ဂါနေ့က တရားဝင် ၀င်ရောက်လာပါတယ်။

Mario Bros. လို့ နာမည်ပေးထားတဲ့ profile နဲ့အတူ Mario ရဲ့ နာမည်ကျော် စွမ်းရည်တွေဖြစ်တဲ့  ပိုက်ပြင်ခြင်း၊ ပြန်လည်တည်ဆောက်ခြင်း စတာတွေကိုလည်း စာရင်းလုပ်ဖော်ပြထားပြီး Brooklyn, N.Y. မှာ နေတယ်လို့လည်း ဖော်ပြထားပါတယ်။

“ ပြီးခဲ့တဲ့ ၃၅နှစ်လောက်ကတော့ အီတလီ-အမေရိကန်စပ် ပိုက်ပြင်သမားအဖြစ် ရပ်တည်ခဲ့ပါတယ်” လို့လည်း အကျဉ်းချုပ်ရေးသား ထားပါသေးတယ်။

Mario က သူဟာ Brooklyn College ကနေ အင်ဂျင်နီယာဘွဲ့ရထားပြီး ပိုက်ပြင်ခြင်းနဲ့ပတ်သက်ပြီးလည်း သင်တန်းတွေတက်ထားကြောင်း သူ့ရဲ့ Donkey Kong to Super Mario Kart ဂိမ်းထဲက သူ့ရဲ့အတွေ့အကြုံတွေကို ဖော်ပြထားပါသတဲ့။

( Michelle )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Upi

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment