ဘယ်သူကများ Google ဟာ Android ကနေပြီး ဝင်ငွေတွေ ဘယ်လောက်ရနေတယ်လို့ တွေးမိပါသလဲ။
Google ဟာဆိုရင်တော့ ကျွန်တော်တို့ မိုဘိုင်းလောကမှာ အသုံးများနေတဲ့ Android စနစ်ကြီးကို ထုတ်လုပ်ရာကနေပြီးတော့ ဒေါ်လာ ၂၂ ဘီလျံအထိ အကျိုးအမြတ်ရရှိခဲ့ပြီးတော့ နောက်ထပ် Google ကထုတ်လုပ်တဲ့ မိုဘိုင်းဖုန်းဈေးကွက်ကနေပြီးတော့လည်း ဒေါ်လာ ကိုးဘီလျံလောက် ရရှိခဲ့ပါတယ်။
Google ဟာ ဘာ့ကြောင့် ဒီလောက်ထိ ဝင်ငွေရရသလဲဆိုရင်တော့ သူနဲ့ ဆက်စပ်တဲ့ Google Play Store လို နေရာမျိုးတွေမှာ ကြော်ငြာတွေ လက်ခံကြော်ငြာပေးခဲ့ပြီး ဝင်ငွေတွေ သောက်သောက်လဲ ရခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Google ရဲ့ စီးပွားရေး ပလက်ဖောင်းကို ကြည့်ရှုလိုက်တဲ့အချိန်မှာတော့ သူတို့ဟာ မိုဘိုင်းဈေးကွက်ကနေ ရတဲ့အကျိုးအမြတ်တွေကတော့ သူတို့ ကြေညာထားတာထက် ပိုမိုရရှိနေတယ်လို့ သိရပါတယ်။ သူတို့ဟာ ဝင်ငွေတွေကိုတော့ လျှို့ဝှက်ချက်တစ်ခုအဖြစ် ထိန်းသိမ်းထားဆဲဖြစ်ပြီးတော့ ဝင်ငွေဘယ်လောက် ရရှိခဲ့တယ်ဆိုတာကိုတော့ အတိအကျ ကြေညာသွားအုံးမှာ မဟုတ်ဘူးလို့လည်း ကုမ္ပဏီရဲ့ ရှေ့နေက ပြောပါတယ်။
Google ဟာ Oracle ကုမ္ပဏီနဲ့လည်း ပြဿနာတက်နေခဲ့တာ အတော်ကြာပါပြီ။ Oracle ကတော့ Google ဟာ သူတို့ တီထွင်ထုတ်လုပ်ခဲ့တဲ့ java စနစ်ကို အခြေခံပြီး လက်ရှိ Android စနစ်ကို တည်ဆောက်ခဲ့တယ်လို့ စွပ်စွဲထားပါတယ်။ အခုအချိန်မှာတော့ Oracle က Google ဆီကနေ လျော်ကြေးရယူလိုနေပြီး Google ရဲ့ Android စနစ်ကနေရရှိခဲ့တဲ့ အမြတ်အစွန်းရဲ့ ပမာဏတစ်ချို့ကို တရားဥပဒေအရ ပေးချေစေနေလိုပါတယ်။
Google ကတော့ အခုထက်ထိ သူတို့ရဲ့ စွပ်စွဲချက်ကို လက်ခံသေးခြင်းမရှိဘဲ အမြတ်ငွေတွေကိုလည်း ခွဲပေးနိုင်ဖို့ ဆန္ဒမရှိသေးပါဘူး။ အကယ်လို့ Google က တရားရေးရှုံးနိမ့်လို့ ငွေအချို့ပေးလိုက်ရမယ်ဆိုရင်လည်း Google အတွက်တော့ ပြဿနာမရှိနိုင်ဘူးလို့လည်း သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: Engadget
0 comments:
Post a Comment