Facebook မှသူငယ်ချင်းအများစုမှာ အယောင်ဆောင်အများဆုံးဖြစ်ဟု လေလာတွေ့ရှိ
Facebook ပေါ်ကသူငယ်ချင်းအများစုမှာ သင့်ကိုဂရုမစိုက်ပဲ၊ အများစုဟာ သင့်ရဲ့ပြဿနာတွေအပေါ်မှာ ဘယ်လိုမှ ဂရုဏာမသက်ကြဘူးလို့ လေ့လာချက်အသစ်တွေအရသိရပါတယ်။ Facebook ပေါ်မှာ သင့်သူငယ်ချင်းတွေ ရာပေါင်းများစွာရှိနေနိုင်မှာပါ။ ဒါပေမယ့် တကယ်တမ်းကျတော့ လူတွေဟာ အဲ့ဒီအထဲက လူလေးယောက်လောက်ပဲလိုအပ်တယ်လို့ လေ့လာချက်အသစ်တွေအရ သိရပါတယ်။
Oxford တက္ကသိုလ်က စိတ်ပိုင်းဆိုင်ရာဆင့်ကဲဖြစ်စဉ် ပါမောက္ခ Robin Dunbar က Facebook ပေါ်ကနေတစ်ဆင့် ဆက်သွယ်ခင်မင်ထားတဲ့ လူတွေနဲ့ အပြင်ကသူငယ်ချင်းအစစ်တွေကို နှိုင်းယှဉ်ပြီးလေ့လာ ခဲ့တာဖြစ်ပါတယ်။ သူက လူမှုကွန်ယက်မီဒီယာတွေပေါ်ကနေ သူငယ်ချင်းဖြစ်ပြီး ပုံမှန်စကားပြောနေတဲ့ သူငယ်ချင်းတွေဖြစ်မယ်ဆိုရင်တောင် သူတို့အပေါ်ဆက်နွယ်မှီခိုမှုဟာ အလွန်နည်းပါးတဲ့ ရာခိုင်နှုန်းပဲရှိတယ်လို့ သိရတာ ဖြစ်ပါတယ်။
သာမန်လူတစ်ယောက်မှာ ရှိနေတဲ့ Facebook သူငယ်ချင်း ၁၅၀လောက် လေ့လာကြည့်ခဲ့ပါတယ်။ ဒါပေမယ့် သူတို့ထဲက ၁၄ယောက်လောက်ပဲ တစ်ခုခုဖြစ်ခဲ့လို့ရှိရင် ကရုဏာသက်ကြတယ်လို့ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ Facebook ထဲက သူငယ်ချင်း ၂၇ရာခိုင်နှုန်းလောက်ပဲ စစ်မှန်ကြတယ်လို့ သိရပါတယ်။
Facebook Friend တွေထဲမှာ အလွှာပေါင်းစုံက လူတွေရှိနေနိုင်ပါတယ်။ အဲ့ဒီထဲကမှ လူငါးယောက်လောက်ပဲ ဦးစားပေးနဲ့ အနီးစပ်ဆုံးလူတွေဖြစ်တယ်လို့ လေ့လာချက်ကဆိုပါတယ်။
(Blue Lion)
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref: Independent
0 comments:
Post a Comment