Powered by Blogger.

Apple က iPad Air 3 ကို မတ်လလယ်တွင် စတင်ကြေညာမည်


Apple ဟာဆိုရင်တော့ iPad Air 3 ကို လာမယ့် မတ်လအလယ်လောက်မှာ စတင်ပြီး ကြေညာသွားဖွယ်ရှိတယ်လို့ သိရပါတယ်။ လာမယ့်နှစ်လအတွင်းမှာ ကြေညာနိုင်တဲ့ ဒီ iPad အသစ်မှာဆိုရင်တော့ မျက်နှာပြင် ထိန်းချုပ်မှုတွေကို ပိုမိုတိကျချိန်ညှိပေးနိုင်မယ့် pencil တစ်ခုလည်း ပါဝင်လာနိုင်တယ်လို့ ခန့်မှန်းမှုတွေပြုလုပ်နေကြပါတယ်။

9to5Mac ရဲ့ သတင်းရင်းမြစ်တွေအရတော့ Apple ဟာဆိုရင် iPad Air 3 ကို လာမယ့်မတ်လမှာ အစည်းအဝေးတစ်ခုပြုလုပ်ပြီး ကြေညာသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

 iPad Air 3 ရဲ့ နည်းပညာဟာဆိုရင်တော့ iPad Pro နဲ့ နည်းပညာဆင်ဆင်တူမှာဖြစ်ပေမယ့်လည်း သူ့ရဲ့ အားသာချက်အဖြစ်တော့ ထိန်းချုပ်မှုတွေကို ပိုမို အနုစိတ်ပြုလုပ်နိုင်မယ့် Apple pencil နဲ့  woofer , midrange , tweeter နဲ့ super tweeter စတဲ့ စပီကာလေးမျိုးကို ပေါင်းစပ်ထားတဲ့ အလန်းစား four-way စပီကာလည်း ပါဝင်လာမှာပါ။

ရုပ်ထွက်အနေနဲ့တော့ 4K Display နဲ့ ပြသမှာဖြစ်ပြီး ပုံရိပ်တွေကို အကြည်လင်ဆုံးမြင်ရမှာဖြစ်ပြီး RAM အနေနဲ့လည်း 4 GB အထိပါဝင်လာမှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

Apple ဟာဆိုရင်တော့ Apple watch နဲ့ iPhone 5Se တို့ကိုလည်း ထပ်ပြီး ထုတ်လုပ်မယ်လို့ ကောလဟလတွေထွက်နေခဲ့ပါတယ်။ iPad Air 3 ကိုတော့ Apple က သေချာပေါက်ထုတ်လုပ်သွားမှာဖြစ်ပေမယ့်လည်း ထပ်မံပါဝင်လာမယ့် လုပ်ဆောင်ချက်တွေကိုတော့ သေချာဖော်ပြထားတာမျိုးတော့ မရှိခဲ့ပါဘူး။


( Paing A K )


#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Digital Spy



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment