Powered by Blogger.

“Moto” အမည်ရ စမတ်ဖုန်းတစ်လုံးကို လာမယ့်ဇူလိုင်လအတွင်းထုတ်လုပ်မယ့် Lenovo



တရုတ်နာမည်ကျော် ကွန်ပျူတာကုမ္ပဏီတစ်ခုဖြစ်တဲ့ Lenovo ဟာဆိုရင်တော့ သူတို့အနေနဲ့လာမယ့် ဇူလိုင်လအတွင်းမှာ  “Moto” လို့နာမည်ပေးထားတဲ့ စမတ်ဖုန်းတစ်လုံးကို ထုတ်လုပ်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။ Lenovo ရဲ့ CEO တစ်ယောက်ဖြစ်တဲ့ ယန်ကွင်းယန်ကတော့ ဒီဖုန်းဟာ နည်းပညာအသစ်တွေနဲ့ ပိုပြီးဆွဲဆောင်မှုရှိလာမယ်လို့ ပြောပါတယ်။

ဒီ “Moto” ဖုန်းဟာဆိုရင်တော့ “Motorola” မျိုးဆက်အစား Lenovo ကနေ ထုတ်လုပ်တဲ့ ပထမဆုံးစမတ်ဖုန်းဖြစ်ပြီး မိုဘိုင်းဈေးကွက်မှာ အောင်မြင်မှုရဖို့ မျှော်မှန်းထားတဲ့ ဖုန်းတစ်လုံးလည်း ဖြစ်ပါတယ်။ ဒီဖုန်းရဲ့ လုပ်ဆောင်ချက်အနေနဲ့တော့ လက်ဗွေစနစ်နဲ့ မျက်နှာပြင်အကျယ် ငါးလက်မလောက်သာ ရှိနိုင်တယ်လို့ သိရသေးပြီး ဘယ်လိုပုံစံမျိုးနဲ့ ထွက်ရှိလာမယ်ဆိုတာကတော့ အတိအကျမသိရသေးပါဘူး။

Lenovo ဟာဆိုရင်တော့ ၂၀၁၆ ဟာ သူတို့ရဲ့ အကျပ်တည်းဆုံးနှစ်တစ်နှစ်ဖြစ်လာနိုင်တာကြောင့် သူတို့ရဲ့ ဈေးကွက်အခိုင်အမာရရှိထားတဲ့ ကွန်ပျူတာဈေးကွက်ကို လက်ရှိအခြေအနေအတိုင်း ထိန်းချုပ်ပြီး မိုဘိုင်းဖုန်းဈေးကွက်ကိုတော့ ပိုမိုချဲ့ထွင်နိုင်ဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : ubergizmo
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment