Powered by Blogger.

BBC ၀က်ဘ်ဆိုက်ကို တိုက်ခိုက်ခဲ့တာဟာ ISIS ကို ဆန့်ကျင်တဲ့ ဟက်ကာ အဖွဲ့ ဖြစ်နေ




ဒီဇင်ဘာ ၃၁ ရက်နေ့က သတင်းဝက်ဘ်ဆိုက်ဖြစ်တဲ့ BBC နဲ့ iPlayer ၀က်ဘ်ဆိုက်တို့ ဆိုက်ဘာတိုက်ခိုက်မှု လုပ်ခံခဲ့ရခြင်းဟာ ISIS ကို ဆန့်ကျင်တဲ့ ဟက်ကာအဖွဲ့ တစ်ဖွဲ့ ရဲ့ လက်ချက်ဖြစ်နေတယ်လို့ သိခဲ့ရပါတယ်။

ထို တိုက်ခိုက်မှုကြောင့် နှစ်သစ်ကူးကာလမှာ BBC သတင်းဝက်ဘ်ဆိုက် ရပ်နားထားရခြင်းနဲ့ ပတ်သက်ပြီး အများစုကတော့ ISIS ကဲ့သို့သော အကြမ်းဖက် အဖွဲ့တွေရဲ့ ဆိုက်ဘာတိုက်ခိုက်မှု ဖြစ်နိုင်တယ်လို့ ထိတ်လန့်ခဲ့ကြတာပါ။ BBC က အတည်ပြုပေးခဲ့တာကလည်း သူတို့ ၀က်ဘ်ဆိုက် အပိတ်ခံရမှုဟာ DDoS စနစ်နဲ့ တိုက်ခိုက်ခံရမှု ကြောင့်ဖြစ်တယ်ဆိုတာပါပဲ။

New World Hacking လို့ အမည်ပေးထားတဲ့ ဟက်ကာ အဖွဲ့ဟာ ထိုတိုက်ခိုက်မှုကို သူတို့အဖွဲ့ ရဲ့  လုပ်နိုင်စွမ်းတွေကို စမ်းသပ်ခဲ့တာဖြစ်တယ်လို့ ထုတ်ဖော်ပြောကြားလာပါတယ်။ ထိုအဖွဲ့က နည်းပညာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ Rory Cellan-Jones ထံကို အီးမေးလ်ပို့ခဲ့ရာမှာတော့ "ငါတို့ဟာ အမေရိကန်မှာ အခြေစိုက်တယ်။ ငါတို့ဟာ ISIS နဲ့ပတ်သက်တဲ့ ၀က်ဘ်ဆိုက်တွေအပါအ၀င် ISIS အဖွဲ့ဝင်တွေကိုလည်း တိုက်ခိုက်မယ်။ ငါတို့ အမြဲတမ်း မှန်ကန်တာတွေမလုပ်ခဲ့ဘူးဆိုတာတော့ သိပါတယ်။ ဒါပေမယ့် ဟက်ကာတွေမရှိပဲနဲ့ အွန်လိုင်းအကြမ်းဖက်သမားတွေကို ဘယ်သူတိုက်မှာလည်း? ငါတို့ BBC ကိုတိုက်ခိုက်ခဲ့တာကတော့ ငါတို့ရဲ့  တစ်ကယ့် ဆာဗာ ပါဝါ ကို စမ်းသပ်ချင်လို့ပါ" လို့ ရေးသားဖော်ပြခဲ့ပါတယ်။

သူတို့အဖွဲ့က စမ်းသပ်တယ်လို့ဆိုခဲ့ပေမယ့် BBC ၀က်ဘ်ဆိုက်ကတော့ နာရီပေါင်းများစွာ ရပ်နားသွားခဲ့ရပြီး ထိုဟက်ကာအဖွဲ့ ရဲ့  ဆာဗာ ဟာလည်း အရမ်းကို အားကောင်းခဲ့တယ်လို့ သိရပါတယ်။

ထို သတင်းနဲ့ ပတ်သက်ပြီးတော့ BBC သတင်းဌာနကတော့ ဝေဖန်ပြောဆိုခြင်း မရှိသေးပါဘူး။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment