Powered by Blogger.

သင်၏ပုံရိပ်များကိုမြှင့်တင်ပေးမည့် Microsoft Selfie App ကို iOS အတွက်ကြေငြာဖွယ်ရှိ


အမေရိကန်နည်းပညာကုမ္ပဏီ Microsoft က iOS ဖုန်းများအတွက် Selfie App တစ်ခုကို မကြာမှီမှာ ကြေငြာဖွယ်ရှိတယ်လို့သိရပါတယ်၊ အဲ့ဒီ App ဟာ ရိုက်ထားတဲ့ဓာတ်ပုံတွေကို ပတ်ဝန်းကျင်ပေါ်မူတည်ပြီး အရောင်ချိန်ညှိတာ၊ အသားအရေအရည်အသွေးနဲ့ အလင်းအမှောင်တွေကို ပိုမိုမြှင့်တင်ကောင်းမွန်တဲ့ ပုံတွေထွက်ပေါ်လာအောင် ရိုးရှင်းစွာပဲ ပြုလုပ်ပေးမှာဖြစ်တယ် လို့သိရပါတယ်၊

အသုံးပြုသူတွေဟာ ဒီ Microsoft Selfie ကို ဖုန်းထဲမှာ ခက်ခဲမှုအနည်းဆုံးနဲ့ အလွန်ရိုးရှင်းတဲ့ Feature တစ်ခုအနေနဲ့ အသုံးပြုနိုင်ပါတယ်၊ App က အသက်၊ လိင်အမျိုးအစား၊ အသားအရေ၊ အလင်းအမှောင်၊ စတဲ့ ဓာတ်ပုံရိုက်ရာမှ အချက်တွေပေါ်မူတည်ပြီး၊ ပုံကိုပြုပြင်ပေးမှာဖြစ်ပါတယ်၊ iOS အသုံးပြုသူတွေအနေနဲ့ ဖုန်းကအရှေ့ကင်မရာနဲ့ပုံအသစ်ယူရင်ယူ၊ ဒါမှမဟုတ်လဲ ဖုန်းထဲမှာသိမ်းထားတဲ့ ဓာတ်ပုံတွေထဲကရွေးချယ်ပြီး ပြင်ရင်လဲပြင်လည်းရပါတယ်၊

အဲ့ဒါအပြင် Microsoft Selfie ဟာ ရိုက်ပြီးသား ဓာတ်ပုံတွေကို Instagram, Google Photos, Facebook နဲ့ Twitter စတဲ့ Social မီဒီယာတွေမှာပါ တစ်ခါတည်း မျှဝေလို့ရသလို Apple Store ကနေလဲ Download လုပ်လို့ရနိုင်အောင်လုပ်ဆောင်ပေးထားပါတယ်၊ Size ကတော့ 56.9 MB လောက်ရှိပြီး iOS 8.0 နဲ့ အထက် Version တွေမှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်၊ Android အတွက် App ကိုလည်းမကြာမှီထုတ်ပြန်ဖွယ်ရှိတယ်လို့ ဆိုပါတယ်။

(Blue Lion)

# သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: Gadget360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment