Powered by Blogger.

၂၀၁၅ခုနှစ်တွင် ကောင်းကင်ယံသို့ယူဆောင်လာသည့် တိုက်လေယာဉ်အသစ်ငါးမျိုး


ယခုနှစ်မှာပေါ်ပေါက်လာတဲ့တိုက်လေယာဉ်တွေဟာ အနာဂါတ်စစ်တပ်အတွက် နောက်ထပ်တိုးတက်လာတဲ့ ခြေလှမ်းတစ်ရပ်ဆိုတာဖော်ပြနေပါတယ်၊ စစ်တပ်တွေဆိုပေမယ့် ကမ္ဘာအင်အားကြီး အမေရိကန်စစ်တပ်ကပဲ ထုတ်ထားတာဖြစ်တဲ့အတွက် အမေရိကန်ဟာ တခြားကမ္ဘာ့အင်အားကြီးတွေကိုထပ်မံနောက်ကောက်ချထားမှုတွေအဖြစ်ပဲမြင်ရမှာပါ၊  အဲ့ဒါတွေကတော့ F-16 ရဲ့နောက်ထပ်မျိုးဆက် Viper, Marine ကော်ပိုရေးရှင်း ရဲ့ King Stallion ဟယ်လီကော်ပတာ, Stealth Bomber မျိုးဆက်သစ်၊ ပဉ္စမမြောက်မျိုးဆက်သစ် F-35 တိုက်လေယာဉ်တို့ပဲဖြစ်ပါတယ်၊ ကဲကျွန်တော်တို့တွေ ပျံဝဲကြည့်ကြရအောင်..

၁) Viper


Viper ကတော့ F-16 ရဲ့ နောက်ဆုံးထွက်မျိုးဆက်ပါ၊ F-16 မိသားစုတွေထဲမှာတော့ အဆန်းသစ်ဆုံးနဲ့ အသစ်လွင်ဆုံးလေယာဉ်ပါ၊ ဒီ F-16 ရဲ့နောက်ဆုံးမျိုးဆက်ဟာ မြောက်များစွာသော အသစ်အဆန်းပစ္စည်းတွေနဲ့ တန်ဖိုးမြှင့်လာခဲ့တာလဲဖြစ်ပါတယ်၊


Lockheed Martin ရဲ့ စတုတ္ထမြောက်မျိုးဆက် လေယာဉ်ဟာ မကြာမီက Fighting Falcon ဆီကနေလွှဲပြောင်းရယူထားတာဖြစ်ပါတယ်၊ ဒီ F-16 လေယာဉ်ဟာ တစ်နာရီမိုင် ၁၅၀၀ ထက် မြန်ပြီး

အသံထက်နှစ်ဆမြန်အောင်သွားနိုင်ပါတယ်၊ လေယာဉ်က ပေငါးဆယ်သာရှည်လျားပြီး တောင်ပံတစ်ဖက်ကနေတစ်ဖက်ကိုတော့ ၃၁ပေပဲရှည်တာဖြစ်ပါတယ်၊

မျိုးဆက်သစ်လေယာဉ်မှာ Northrop ကုမ္ပဏီရဲ့ SABR AESA ဆိုတဲ့ အပူလှိုင်းခြေရာခံ ရေဒါကိုထောက်ပံ့ပေးထားပြီး လေယာဉ်မှ မြေပြင်၊ လေယာဉ်မှလေယာဉ်ခြေရာခံနိုင်တဲ့ ရေဒါခြေရာခံစနစ်တွေကိုထည့်ထားပါတယ်၊ ဒီ AESA

ရေဒါကို F-22 Raptor နဲ့ F-35 Lightning II တွေမှာလည်း အသုံးပြုဖူးပါတယ်၊

SABR ရဲ့ လျှပ်စစ်သံလိုက်ခြေရာခံစက်ကလည်း ပိုမိုမြန်ဆန်ပြီး ကျယ်ပြန့်တဲ့ ဧရိယာအကွာအဝေးကို စောစီးမြန်ဆန်စွာ ခြေရာခံနိုင်ခြင်း၊ အတည်ပြုနိုင်ခြင်း၊ တိကျမှန်ကန်စွာတိုက်ခိုက်ခြင်းတို့ကို မြန်ဆန်ထိရောက်စွာ ပြုလုပ်လာနိုင်တာဖြစ်ပါတယ်၊

၂) King Stallion ဟယ်လီကော်ပတာ


King Stallion ကတော့ အမေရိကန် ရေတပ်ကော်ပိုရေးရှင်းက ဟယ်လီကော်ပတာအသစ်တစ်မျိုးဖြစ်ပြီး ပထမဆုံးစစ်ဆင်ရေးကို ၂၀၁၅ ထဲမှာပဲဆင်နွဲခဲ့တာပါ၊

မယုံနိုင်စရာ အရည်အသွေးတွေနဲ့ New Helo ကို ရေတပ်က မြှင့်တင်ထားတာဖြစ်ပါတယ်၊ ၄င်းက အရင်ကထက် သုံးဆပိုပြီး တင်ဆောင်လာနိုင်ပြီး ပေါင် ၂၇၀၀၀လောက်ထိ တင်ထားလာနိုင်တာဖြစ်ပါတယ်၊ သူကဒီ ၀ိတ်တွေနဲ့အပြင် ပူလောင်မြင့်မားတဲ့အခြေအနေတွေတောင် မိုင် ၁၁၀ကျော်အထိ သွားနိုင်တာဖြစ်ပါတယ်၊

လောလောဆယ်မှာတော King Stallion ဟာ ရေတပ်ကော်ပိုရေးရှင်းရဲ့ ၀ိတ်အများဆုံးသယ်နိုင်တဲ့ မျိုးဆက်ထဲ ပါဝင်လာသလို နောက်ပိုင်းကျရင် ကမ္ဘာပေါ်မှာ ၀ိတ်အများဆုံးသယ်နိုင်တဲ့ အကောင်းဆုံးဟယ်လီကော်ပတာဖြစ်လာဖို့ရည်မှန်းထားတာဖြစ်ပါတယ်၊

အရင် CH-53E Super Stallion နဲ့ အလျားအနံပမာဏခြင်း CH-53E King Stallion ကတူညီပါတယ်၊ စွမ်းအားမြှင့်တင်ထားတဲ့ T408-GE-400s အင်ဂျင်အမျိုးအစား သုံးလုံးနဲ့ အလုပ်လုပ်မှာဖြစ်ပါတယ်၊

၃) Stealth Bomber


အမေရိကန်လေတပ်က ရေရှည်မှာအသုံးပြုဖို့ B2 Spirit လို Stealth Bomber ဗုံးကြဲလေယာဉ် တွေကိုတည်ဆောက်ဖို့ Northrop Grumman ကိုရွေးချယ်ခဲ့တယ်လို့ ၂၀၁၅ခုနှစ်ကထုတ်ပြန်ခဲ့ပါတယ်၊ အဲ့ဒီလေယာဉ်အမျိုးအစား အတွက်နာမည်မပေးရသေးပေမယ့် B-2 နဲ့ ညီအကိုနာမည် B-3 လို့ပေးမယ်လို့ ခန့်မှန်းနေကြပါတယ်၊

ဗုံးကြဲတိုက်လေယာဉ်အသစ်တွေကို ဆယ်စုနှစ်တစ်ခုအတွင်းမှာ တပ်ဖြန့်ချထားမှာဖြစ်ပြီး ဒီလေယာဉ်တွေဟာ ဆယ်စုနှစ်လေးခုနီးပါးအသုံးပြုခဲ့ပြီဖြစ်တဲ့ B-1 နဲ့ ဂန္တ၀င်မျိုးဆက်တစ်ခုဖြစ်တဲ့ B 52 တွေအတွက်ရေရှည်အစားထိုးဖို့ ရည်ရွယ်ထားတယ်လို့ဆိုပါတယ်၊

လေယာဉ်ဟာ နောက်ဆုံးပေါ်နည်းပညာတွေကို အပြည့်အ၀တပ်ဆင်ထားမှာဖြစ်ပြီး  နည်းပညာမြင့်မားလှတဲ့ B2 ကိုတောင်နောက်ကောက်ချခဲ့ဖို့အတွက် အမေရိကန်က တိုးတိုးတိတ်တိတ် ဖုံးအုပ်လုပ်ဆောင်နေခဲ့တာ ဖြစ်တယ်လို့သတင်းတွေထွက်လာခဲ့ပါတယ်၊ ၄င်းဟာ နျူကလီးယားလက်နက်တပ်ဆင်နိုင်လောက်တဲ့အထိ နည်းပညာတွေကိုတိုးမြှင့်မှာဖြစ်တယ်လို့ဆိုပါတယ်၊

၎) F-35


အလွန်တိုးတိတ်လျို့ဝှက်တဲ့ တိုက်လေယာဉ်တွေကို ပြပါဆိုရင် F -35 ကတော့ လက်နက်သစ်တစ်ခုပါပဲ၊ F-35 Lightning II ကတော့ ပဉ္စမမြောက်မျိုးဆက် တိုက်လေယာဉ်ပါ၊ ထိုင်ခုံတစ်ခု၊ အင်ဂျင်တစ်လုံးနဲ့ ဒီဇိုင်းထုတ်ထားတဲ့ F-35 တွေဟာ အကွာအဝေးမြောက်များစွာသွားနိုင်တဲ့ တစ်ခုတည်းသော တိုက်လေယာဉ်တွေပဲဖြစ်ပါတယ်၊

F-35 မှာ တပ်ဆင်ထားတဲ့ Gun Airborne Unit -22/A 25mm Gatling သေနတ်သုံးလက်ပါတဲ့ သေနတ်စနစ်ဟာ ပထမဆုံးလေယာဉ်တပ်သေနတ်အဖြစ် ၂၀၁၅ခုနှစ်အတွင်းမှာစမ်းသပ်အောင်မြင်ခဲ့ပါတယ်၊ ဒီသေနတ်ကြောင့် လေယာဉ်မှူးဟာ လေယာဉ်-လေယာဉ်ချင်း၊ လေယာဉ်-မြေပြင် ပစ်ခတ်နိုင်မှာပါ၊

Stealth ကုမ္ပဏီဟာ F-35 ကို ပဉ္စမမြောက်မျိုးဆက်တွေပဲဖြစ်တဲ့ လေယာဉ်ထုတ်လုပ်တဲ့နည်းပညာ၊ Sensor၊ မယုံနိုင်စရာကောင်းလောက်အောင် ကောင်းမွန်အစွမ်းထက်တဲ့ လက်နက်နည်းပညာတွေနဲ့
ပေါင်းစပ်ထုတ်လုပ်ထားပါတယ်၊

The Pratt & Whitney F135 ဆိုတဲ့ တစ်နာရီမိုင် ၁၁၉၉ထိသွားနိုင်တဲ့ လေယာဉ်တွန်းအားပေးတဲ့ ထူးခြားတဲ့စနစ်တစ်မျိုးကို ထည့်ထားတာပါ၊ ဒီလေယာဉ်ဟာ တိုးတက်ပြီးသား အမေရိကန်လေတပ်ကို ကမ္ဘာပေါ်မှာ ပြိုင်ဘက်အကင်းဆုံးဖြစ်အောင် ထပ်မံဖြတ်ချထားနိုင်ဖို့အတွက် နောက်ထပ်အားဖြည့်မှုတစ်ခုဖြစ်လာပါတယ်၊

(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)

#technology.thihtoolwin.com

Ref: Fox News








Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment