Powered by Blogger.

Samsung က စမတ်ပစ္စည်းအားလုံးကို ထိန်းချုပ်နိုင်မယ့် စမတ်လက်စွပ် တစ်မျိုး ဖန်တီးနေ




တောင်ကိုရီးယား အခြေစိုက် နည်းပညာ ကုမ္မဏီ Samsung ဟာ စမတ်နာရီတွေနဲ့ Gear VR headsets တွေကို ထုတ်လုပ်ပြီးတဲ့နောက်မှာ သူတို့ရဲ့  ၀တ်ဆင်နိုင်တဲ့ နည်းပညာထုတ်ကုန် ကဏ္ဍမှာ စမတ် လက်စွပ်တွေကို အကောင်အထည်ဖော် ထုတ်လုပ်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

အမေရိကန် မူပိုင်ခွင့်နဲ့ အမှတ်တံဆိပ်ဆိုင်ရာ ရုံး (USPTO) က ဒီလအစောပိုင်းမှာ ပုံနှိပ်ဖော်ပြခဲ့တာကတော့ စမတ်ဖုန်းများ ၊ တတ်ဘလတ်များ ၊ စမတ်တီဗွီများ နဲ့ စမတ် အိမ်သုံးပစ္စည်း ကို ထိန်းချုပ်နိုင်မယ့် စမတ် လက်စွပ်တစ်ကွင်းအကြောင်းပါ။

အသုံးပြုသူတွေဟာ ချိတ်ဆက်ထားတဲ့ ကိရိယာများစွာကို ထိန်းချုပ်ဖို့အတွက် စမတ်လက်စွပ်ကို ဘယ်(သို့) ညာ ဘက်ကို လှည့်လည်ခြင်းနဲ့ လုပ်ဆောင်နိုင်မယ်လို့လည်းသိရပါတယ်။ အခြားလုပ်ဆောင်ချက်တွေအနေနဲ့ကတော့ စမတ်လက်စွပ်တွေဟာ စမတ်တီဗွီတွေပေါ်မှာ ချန်နယ် ပြောင်းလဲနိုင်ခြင်း ၊ အလင်းရောင် ထိန်းချုပ်နိုင်ခြင်းအပါအ၀င် သုံးစွဲသူရဲ့  လူမှုမီဒီယာ အကောင့်နဲ့ ဆက်စပ်နေတဲ့ လုပ်ဆောင်ချက်တွေကိုလည်း စမတ်လက်စွပ်တွေမှာ ပါဝင်လာဖွယ်ရှိတယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

Samsung ရဲ့ စမတ်နာရီ(smart ring) ဟာ Samsung ရဲ့  Gear S2 စမတ်နာရီမှာပါဝင်ခဲ့တဲ့ လှည့်လည်နိုင်ခြင်း လုပ်ဆောင်ချက်ကို အခြေခံပြီး နည်းပညာ ပိုင်းကို တည်ဆောက်ထားတယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment