Powered by Blogger.

သင့်ရဲ့အညစ်အကြေးတွေကို အကောင်းဆုံးသန့်စင်ပေးမယ့် စမတ်ဘိုထိုင်အိမ်သာကြွေခွက်



သင့်ရဲ့ အိမ်မှာ နည်းပညာပိုင်းနဲ့ အကောင်းဆုံးလုပ်ဆောင်ချက်တွေကို ပြုလုပ်ပေးနေတဲ့ အရာတွေ ရှိနေမှာပါ။ အခုဆိုရင်တော ထူးထူးဆန်းဆန်းနဲ့ပဲ မြင့်မားတဲ့အသိဥာဏ်ပါဝင်ပြီး သင့်ရဲ့ အိမ်သာကိုလည်း ရောဂါပိုးကင်းကင်းနဲ့ သန့်သန့်ရှင်းရှင်းဖြစ်အောင် လုပ်ဆောင်ပေးမယ့်    စမတ်ဘိုထိုင်ကြွေခွက်လေးကို ဂျပန်နိုင်ငံက မိတ်ဆက်လိုက်ပါပြီ။

ဒီဘိုထိုင်အိမ်သာကြွေခွက်မှာတော့ သူ့ရဲ့ လုပ်ငန်းစဉ်တွေအားလုံးကို အလိုအလျောက်ပြုလုပ်နိုင်ပြီး မိမိကိုယ်တိုင် ရေဆွဲချစရာတောင်မလိုတော့ပါဘူး။ ဒီအိမ်သာ ကြွေခွက်ဟာ လူမရှိစဉ်မှာတော့ သူ့ဘာသူ အဖုံးဖုံးထားမှာဖြစ်ပြီး အကယ်လို့ သင်လာနေတာမြင်ရင်တော့ အဖုံးကို အလိုအလျောက်ဖွင့်ပေးသွားမှာဖြစ်ပါတယ်။

ဒီဘိုထိုင်ကြွေခွက်မှာ ထိုင်ရင်လည်း အခြားကြွေခွက်တွေလို သင့်ရဲ့အရေပြားကို အေးမြတဲ့ ခံစားမှုတွေ မဖြစ်ပေါ်စေဘဲ နွေးနွေးထွေးထွေးနဲ့ ထိုင်လို့ကောင်းအောင် ပြုလုပ်ပေးထားမှာပါ။ ဒီကြွေခွက်လေးကိုတော့ The Neorest 750H လို့ အမည်ပေးထားပြီး ရေချိုးခန်းသုံး ကြွေထည်ပစ္စည်းတွေကို ပြုလုပ်နေတဲ့ Toto ကုမ္ပဏီက မိတ်ဆက်ပြသလိုက်တာပါ။

ဒီကြွေခွက်မှာတော့ သင့်ရဲ့ အညစ်အကြေးတွေကို ရှင်းလင်းပေးဖို့အတွက် အကောင်းဆုံးနည်းပညာတွေကိုလည်း ပေါင်းစပ်ပေးထားပါသေးတယ်။ ဒီကြွေခွက်ကို အဖုံးဖုံးထားစဉ်မှာတော့ အဖုံးကနေ အောက်မှာရှိတဲ့ ဇလုံကြွေမျက်နှာပြင်ကို ခရမ်းလွန်ရောင်ခြည်နဲ့ လင်းနေစေမှာပါ။ ဒီလို

ခရမ်းလွန်ရောင်ခြည်ဟာ ရောဂါပိုးတွေကိုသေစေပြီး မျက်နှာပြင်ကို စေးကပ်မှုမရှိနိုင်အောင် ပြုလုပ်ပေးထားနိုင်မှာဖြစ်ပါတယ်။ ကြွေခွက်ရဲ့ မျက်နှာပြင်ကိုလည်း တိုက်တေနီယမ်နဲ့ ဇင့်သတ္တုရောနဲ့ ပြုလုပ်ထားပြီး ရေစုပ်ယူမှုအားကောင်းအောင် ပြုလုပ်ထားပါတယ်။

အညစ်အကြေးဖယ်ရှားတဲ့ လုပ်ငန်းမှာတော့ လျှပ်ဓာတ်တွေပါဝင်တဲ့ လျှပ်ပျော်ရည်တွေနဲ့ သင့်ရဲ့ အညစ်အကြေးတွေကို ဖယ်ရှားပေးမှာဖြစ်ပြီး မလိုအပ်တဲ့ ဘက်တီးရီးယားပိုးတွေကိုလည်း သေစေနိုင်မှာဖြစ်ပါတယ်။ အဲ့နောက်မှာမှ မျက်စိနဲ့ မမြင်နိုင်တဲ့အညစ်အကြေးတွေကို အောက်စီဂျင်ကိုသုံးပြီး ထပ်ဖယ်ရှားပေးသွားမှာပါ။ ဒါ့ကြောင့် သင်အိမ်သာတက်ပြီးတိုင်း အညစ်အကြေးတွေတင်ကျန်နေခဲ့တာကို ဆေးကြောစရာမလိုတော့ပါဘူး။

ဒီ The Neorest 750H ဘိုထိုင်အိမ်သာကြွေခွက်ကိုတော့ Toto ကုမ္ပဏီက ဒေါ်လာ ၉၈၀၀ နဲ့ စတင်ရောင်းချနေပြီဖြစ်ပါတယ်။


( Paing A K )


#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Dailymail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment