Powered by Blogger.

Xiaomi Mi 5 ကိုထုတ်ပြန်


Xiaomi ကုမ္ပဏီမှ သူတို့ရဲ့ Mi5 အတွက် ဓာတ်ပုံအသစ်တွေကို ထပ်မံထုတ်ပြန်လိုက်ပါတယ်၊ ဒီဖုန်းဟာ Xiaomi ရဲ့ Mi 3 ကို အင်္ဂါနေ့မတိုင်ခင်ထွက် ကြေညာပြီးတဲ့နောက်မှာ အခုလိုနောက်တစ်လုံး ထွက်လာဖို့သတင်းပြန့်လာတာ ဖြစ်ပါတယ်။

ပေါ်ထွက်လာတဲ့ ဓာတ်ပုံနှစ်ပုံအရ စမတ်ဖုန်းဟာ အရှေ့မျက်နှာချင်းဆိုင်ကင်မရာ၊ Home Button နဲ့ သတ္တုအနားကွပ်တွေကိုအဓိကတွေ့ရတာဖြစ်ပါတယ်။ ထွက်လာမယ့် ဟန်းဆက်ဟာ အနက်၊ ရွှေ၊ ပန်းရောင် နဲ့ အဖြူဆိုပြီး အရောင်လေးမျိုးနဲ့ လာမှာဖြစ်တယ်လို့အတည်မပြုနိုင်တဲ့ သတင်းတွေအရသိရပါတယ်။

အခုပါလာမယ့် Home Button ဟာ Fingerprint Sensor လုံခြုံရေးစနစ်ပါဝင်မယ်လို့ အရင်က သတင်းတွေထွက်ပေါ်ခဲ့ပေါ်ခဲ့ဖူးပြီး အဲ့ဒါဟာ ဈေးကွက်ထဲမှာ အသေးငယ်ဆုံးနဲ့ အမြန်ဆုံး Sensor တစ်ခုဖြစ်လာမယ်လို့ သိရပါတယ်။

အရင်ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Mi 5 မှာ ၅.၂လက်မ စခရင် နဲ့ full-HD နဲ့ QHD အရည်အသွေးရှိတဲ့ ရုပ်ထွက်ရှိမှာဖြစ်ပါတယ်။ Memory Storage Version နှစ်မျိုးနဲ့ထွက်မယ်လို့သိရပြီး 3GB RAM နဲ့ 32GB Inbuilt Storage၊ 4GB of RAM နဲ့ 64GB storage ဆိုပြီးဖြစ်ပါတယ်။

ကျောဘက်ကင်မရာ 16 Megapixel နဲ့ အရှေ့မျက်နှာကင်မရာက 13 Megapixel ရှိမှာဖြစ်လို့ ကင်မရာအရည်အသွေးကတော့ အပျံစားပါပဲ။ 3600mAh ဘက်ထရီကို Quick Charge 3.0 tech ပေါင်းထည့်ထားတယ်လို့သိရပါတယ်။ Android 6.0 Marshmallow နဲ့အလုပ်လုပ်မှာဖြစ်ပါတယ်။

32GB inbuilt storage နဲ့ 3GB RAM version က ဈေးနှုန်း တရုတ်ယွမ် ၁၉၉၉(ကျပ် ၄၀၀၀၀၀ နီးပါး) လောက်ရှိနိုင်ပြီး၊ 64GB inbuilt storage and 4GB RAM Version က တရုတ်ယွမ် ၂၂၉၉ (ကျပ် ၄၅၀၀၀၀ နီးပါး) လောက်ရှိနိုင်မယ်လို့ သိရပါတယ်။

(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: Gadgets360


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment