Powered by Blogger.

၃ နှစ်ခွဲအတွင်း အမေရိကန် ပြည်ထောင်စု ရဲ့  အင်တာနက် ဟာ ၃ ဆ ပိုမိုမြန်ဆန်လာ



အမေရိကန် ပြည်ထောင်စု ရဲ့  အင်တာနက် မြန်နှုန်းဟာ ၃ နှစ်ခွဲကာလအတွင်း ၃ ဆ ပိုမိုမြန်ဆန်လာခဲ့တယ်လို့ သိရပါတယ်။

ဖက်ဒရယ် ဆက်သွယ်ရေး ကော်မရှင် (FCC) အဖွဲ့က ထုတ်ပြန်ခဲ့တာကတော့ အမေရိကန်ပြည်ထောင်စု ရဲ့   ပျမ်းမျှ ဒေါင်းလုဒ် အမြန်နှုန်း ဟာ ၂၀၁၁ ခုနှစ် မတ်လ တုန်းက 10 Mbps သာရှိခဲ့ရာကတော့ ၂၀၁၄ ခုနှစ် စက်တင်ဘာလမှာ 31 Mbps အထိ မြင့်တက်လာခဲ့တယ်လို့ ဆိုထားပါတယ်။ အခုလို အင်တာနက် အမြန်နှုန်းတွေမြင့်လာတာဟာ သုံးစွဲသူတွေရဲ့ ရုပ်ရှင် တိုက်ရိုက်ကြည့်ရှုမှုများ ၊ အင်တာနက် ဂိမ်းများဆော့ကစားလာမှု ၊ ဒေါင်းလုဒ် ပမာဏ မြင့်တက်လာမှု တို့ ကြောင့်ပဲ ဖြစ်ပါတယ်။

အမေရိကန် ပြည်ထောင်စု ရဲ့  မြို့  ၉ မြို့ အတွက် Google ကုမ္မဏီက 1000 Mbps ထုတ်လွှင့်ပေးထားပြီး AT&T ကုမ္မဏီကလည်း မြို့  ပေါင်း ၂၀ ခန့်မှာ တူညီတဲ့ မြန်နှုန်းကို ထုတ်လွှင့်ပေးထားပါတယ်။ နောက်နှစ်မှာလည်း နောက်ထပ် ၃၆ မြို့ ကို ထပ်မံ ထုတ်လွှင့်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့လည်း သိရပါတယ်။

Comcast လုပ်သန်းကတော့ Philadelphia ပြည်နယ်မှာ 1000 Mbps မြန်နှုန်းရှိတဲ့ အင်တာနက်ကို ထုတ်လွှင့်ပေးနိုင်ဖို့ စမ်းသပ်နေတယ်လို့ သိရပါတယ်။ ဒီလို အမြန်နှုန်းမျိုးတွေရှိနေပေမယ့် အမေရိက ဟာ ကမ္ဘာမှာ အင်တာနက် အကောင်းဆုံးတော့ မဟုတ်ခဲ့ပါဘူး။ ၂၀၁၃ခုနှစ်တုန်းက တိုင်းတာချက်တွေအရတော့  ပြင်သစ် ၊ ကနေဒါ ၊ ဂျာမနီ ၊ ဂျပန် ၊ ဘရာဇီးလ် ၊ ချီလီ ၊ မက္ကဆီကို နဲ့ အစ္စရေးတို့ဟာ အမေရိက ထက် အင်တာနက် မြန်နှုန်း ပိုမို မြင့်မားကြပြီး ပျမ်းမျှဒေါင်းလုဒ် မြန်နှုန်းမှာတော့ လူဇင်ဘတ် နိုင်ငံဟာ 47.32 Mbps နဲ့ အမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

လက်ရှိ အမေရိကန် ပြည်ထောင်စုအတွင်းမှာဆိုရင်တော့ နယူးဂျာစီ မြို့ ဟာ ပျမ်းမျှ အင်တာနက် ဒေါင်းလုဒ် မြန်နှုန်း အမြင့်ဆုံးဖြစ်ပြီး 57 Mbps ရှိတယ်လို့သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment