Powered by Blogger.

News Feed ကို ပုံစံ ၂ မျိုးနဲ့ ပြသနိုင်ဖို့ Facebook စမ်းသပ်နေ




ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက် တစ်ခုဖြစ်တဲ့ Facebook ဟာ မိုဘိုင်းဖုန်းတွေမှာ လက်ရှိ လုပ်ဆောင်နေတဲ့ တစ်ခုတည်းသော News Feed အစား များစွာသော News Feed အဖြစ် လုပ်ဆောင်နိုင်ရန် စမ်းသပ်လျက်ရှိတယ်လို့ သိရပါတယ်။

အချို့ သော Facebook သုံးစွဲသူတွေဟာ သူတို့ရဲ့  app တွေမှာ ပေါ်နေတဲ့ စမ်းသပ်ဆဲ News Feed ဒီဇိုင်းအသစ်ကို Screenshot တွေ ရိုက်ယူပြီး အချင်းချင်းဝေမျှခဲ့ကြပါတယ်။ ထို ဒီဇိုင်းအသစ်မှာတော့ ပင်မ News Feed အပြင် ၊ ဒုတိယ News Feed အနေနဲ့ Headlines ၊ Travel ၊ Style အစရှိသဖြင့် အကြောင်းအရာများစွာကိုခွဲခြားပြီးပြသသွားမှာပါ။

လက်ရှိ လုပ်ဆောင်နေတဲ့ ပင်မ News Feed ဟာလည်း ပျောက်ကွယ်သွားမှာမဟုတ်ပဲ News Feed ကို ပုံစံ ၂ မျိုးနဲ့ သုံးစွဲခွင့်ရစေမှာပါ။ ဒီလို News Feed ၂ မျိုးသုံးစွဲနိုင်အောင် လုပ်ဆောင်သွားမယ်ဆိုတာကိုလည်း ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ကတည်းက Facebook ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အတည်ပြုပြောကြားဖူးပါတယ်။

ဒါ့အပြင် Facebook ဟာ iOS ဗားရှင်းအတွက် Messenger App မှာ Market Place ဆိုတဲ့ လုပ်ဆောင်ချက်တစ်မျိုးကို ထည့်သွင်းပေးထားပြီး ထို လုပ်ဆောင်ချက်က တဆင့် Facebook ပေါ်မှာ တိုက်ရိုက်ဈေးဝယ်လို့ ရနိုင်တဲ့ Page တွေ ကို ရှာဖွေပြသပေးနိုင်တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment