Powered by Blogger.

လာမယ့်၁၀နှစ်အတွင်းမှာ ဥာဏ်ရည်ရှိတဲ့ စက်ရုပ်တွေ ကမ္ဘာကို ကြီးစိုးလိမ့်မယ်လို့ ကျွမ်းကျင်သူတွေပြော



အစားထိုး နိုင်တဲ့ မိုဘိုင်းလ်ဖုန်းများ ၊ 3D ပုံနှိပ်ခြင်းက ထွက်ပေါ်လာတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းများ အင်တာနက်နဲ့ ချိတ်ဆက်ရတဲ့ စမတ်ပစ္စည်းများ စတာတွေအားလုံးဟာ ယနေ့ခေတ်မှာတော့ စိတ်ကူးယဉ်သိပ္ပံနည်းပညာတွေဖြစ်နေနိုင်ပေမယ့်လည်း အဲဒီ သိပ္ပံပညာတွေဟာ လာမယ့် ၁၀ နှစ်အတွင်း မှာ ရုပ်လုံးပေါ်လာလိမ့်မယ်လို့ နည်းပညာ ကျွမ်းကျင်သူတွေက ခန့်မှန်းထားကြပါတယ်။

ကမ္ဘာ့စီးပွားရေး ဖိုရမ်(WEF) က စစ်တမ်းကောက်ယူခဲ့မှုအရတော့ ကမ္ဘာကြီးဟာ ၂၀၂၅ ခုနှစ်မှာ အဆင့်မြင့် စက်ရုပ်တွေခေတ်ကိုရောက်ရှိလာမှာဖြစ်ပြီး ဥာဏ်ရည်အတု(Artificial Intelligence) နဲ့ မျိုးရိုးဗီဇ ပြုပြင်မှုတွေဟာလည်း ကြီးစိုးလာလိမ့်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ထိုအချိန်ကာလ ကို ရောက်တဲ့အခါမှာ ဥာဏ်ရည်တု(AI) ထည့်သွင်းထားတဲ့ စက်ရုပ်တွေဟာ ကုမ္မဏီ လုပ်ငန်းတွေရဲ့  ဒါရိုက်တာ ဘုတ်အဖွဲ့မှာပင် ပါဝင်လာနိုင်တယ်လို့ သိပ္ပံပညာ ကျွမ်းကျင်သူတွေက အခိုင်အမာဆိုထားကြပါတယ်။

အခုလို ပြောနိုင်ရလောက်တဲ့အကြောင်းအရင်းက ငွေကုန်သက်သာပြီး ပိုမိုကောင်းမွန်တဲ့ ၀န်ဆောင်မှုတွေကြောင့်ပါ။ စက်ရုပ်တွေဟာ စီးပွားရေး လုပ်ငန်းတွေရဲ့  ဖွံ့ဖြိုးတိုးတက်မှုတွေကို ဖြစ်လာစေနိုင်ပြီး အလုပ်အကိုင် အခွင့်အလမ်း ရှားပါးမှုကိုလည်း ဦးတည်သွားစေနိုင်ပါတယ်။

"ဒါဟာ စတုထ္ထစက်မှုဇုန် တော်လှန်ရေး ရဲ့  ရလဒ်တွေကို ဖန်တီးပေးမယ့် စီးပွားရေးဆိုင်ရာ ပိုလျှံမှုတစ်ခုဖြစ်လာတော့မှာပါ။ မေးခွန်းထုတ်စရာရှိနေတာက နိုင်ငံများစွာကြား ၊ မတူညီတဲ့ စီးပွားရေးနယ်ပယ်တွေထဲက လူတွေကြား မှာ ဘယ်လို ပျံ့ နှံ့လာမလဲဆိုတာပါ။" လို့ Microsoft ရဲ့  အမှုဆောင်အရာရှိချုပ်ဖြစ်တဲ့ Satya Nadella က ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ပြောပြခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ စက်ရုပ်တွေဟာ စက်ရုံတွေထဲကနေ အိမ်တွေ ၊ ဆေးရုံတွေ ၊ ဈေးဆိုင်တွေ ၊ စားသောက်ဆိုင်တွေမှာ နေရာဝင်ယူလာကြရုံတင်မကပဲ စစ်ပွဲတွေမှာပါ ရှေ့  ပြေးအဖြစ် ပါဝင်နေပြီး ဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment