သင်စားမယ့် အစားအစာထဲက ကယ်လိုရီကို ရေတွက်ပေးနိုင်မယ့် app
သင့်ရဲ့ ဖုန်းကနေပြီးတော့ သင်စားမယ့်အစားအစာထဲမှာ ကယ်လိုရီအရေအတွက် ဘယ်လောက်များများပါဝင်သလဲဆိုတာကို သိရှိနိုင်မယ့် အက်ပလီကေးရှင်းတစ်ခုကို မိတ်ဆက်ပြသလိုက်ပါပြီ။ သင့်ရဲ့ ဖုန်းကင်မရာနဲ့ အစားအစာတွေကို ဓာတ်ပုံရိုက်ပြီး ဒါမှမဟုတ် အစားအစာရဲ့ ဘားကုဒ်တွေကို ဖတ်ခိုင်းပြီး ကယ်လိုရီဘယ်လောက်ပါတယ်ဆိုတာကို တွက်ချက်ပေးမှာပါ။
NutriRay3D လို့အမည်ပေးထားတဲ့ ဒီအက်ပလီကေးရှင်းဟာ သင့်မှာရှိနေတဲ့ စမတ်ဖုန်းထဲကနေပြီး ပန်းကန်ထဲမှာ ရှိတဲ့ အစားအစာတွေကို လေဆာစကန်ဖတ်ပြီး တိကျတဲ့ ကယ်လိုရီအရေအတွက်နဲ့ အာဟာရဓာတ်တွေကို တွက်ချက်ပေးသွားမှာပါ။ " သင်ဝိတ်ကျဖို့ ကြိုးစားနေတယ်ဆိုရင်တော့ သင့်ကိုအခြားသော အက်ပလီကေးရှင်းတွေက သင်ဘယ်လောက်များများစားလိုက်တယ်ဆိုတာလောက်ပဲ တွက်ချက်ပေးပါလိမ့်မယ်။ " လို့ ဒီပရောဂျက်ကို လုပ်ကိုင်နေတဲ့ သူတစ်ယောက်က ပြောပါတယ်။
NutriRay 3D အက်ပလီကေးရှင်းကတော့ အစားအစာအမျိုးကွဲပေါင်း ၉၀၀၀ လောက်နဲ့ လက်တွေ့စမ်းသပ်ပြီးပါပြီ။ အဲ့လိုပြုလုပ်ခဲ့တဲ့ အချိန်မှာတော့ ဒီအက်ပလီကေးရှင်းဟာ ၈၇.၅ ရာနှုန်းကနေ ၉၁ ရာနှုန်းအထိ မှန်ကန်တယ်လို့လည်း သိရပါတယ်။ ဒီ app ဟာဆိုရင်တော့ အလုပ်လုပ်ချိန်မှာ အစားအစာရဲ့ သုံးဖက်မြင်ရုပ်လုံးကို ပုံဖော်ကြည့်ပြီး အစိတ်အပိုင်းတစ်ခုချင်းစီမှာ ပါဝင်နေတဲ့ ကယ်လိုရီနဲ့ တခြားအာဟာရဓာတ်တွေရဲ့ ထုထည်တွေကို အကောင်းဆုံးတွက်ချက်ပေးပါတယ်။ဒါပေမယ့်ကွဲပြားမှုတစ်ခုလောက်တော့ ရှိနေပါလိမ့်မယ်။
သင်က coke တစ်ဘူးရဲ့ ကယ်လိုရီကို တွက်ချက်ခိုင်းမယ်ဆိုရင် diet coke လား သာမန် coke လားဆိုတာ ပြောပေးရပါလိမ့်မယ်။ သင်စားသောက်နေကျအရာတွေကိုလည်း ဒီ app ထဲမှာ မှတ်သားခိုင်းထားနိုင်ပြီး ပိုမိုကောင်းမွန်တဲ့ ရလဒ်ကို ရနိုင်မှာပါ။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : engadget
0 comments:
Post a Comment