Powered by Blogger.

ချွေးရဲ့ အနေအထားကိုစစ်ဆေးပြီး သင့်ကျန်းမာရေးအခြေအနေကိုပြောပြနိုင်မယ့် ဆားကစ်ပြား




အရင်ကတော့ သင့်ရဲ့ နှလုံးခုန်နှုန်းနဲ့ ခြေလှမ်းတွေကို အဓိကထားရေတွက်ပေးနိုင်မယ့် ကျန်းမာရေးဆိုင်ရာ ဝတ်ဆင်လို့ရတဲ့ ကိရိယာတွေကို မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ သင့်ရဲ့ ခန္ဒာကိုယ်ရဲ့ အခြေအနေကို အတွင်းကျကျ အချက်အလက်တွေနဲ့အတူ ပြောပြပေးနိုင်မယ့် ကျန်းမာရေးစောင့်ကြည့်ကိရိယာလေးကိုတော့ တီထွင်လိုက်ပြန်ပါပြီ။ ဒီရဲ့ ကိရိယာလေးကိုတော့ လက်မှာကပ်ထားပြီး စတစ်ကာပုံစံမျိုးဖြစ်ဖြစ် ၊ သင့်ရဲ့ ခေါင်းပတ်မှာ ထည့်သွင်းပြီး ဖြစ်ဖြစ်အသုံးပြုလို့ ရနိုင်ပါတယ်။

ဒီကိရိယာလေးဟာဆိုရင်တော့ သင့်ရဲ့ ချွေးထဲမှာပါဝင်တဲ့ လျှပ်ပျော်ရည်ပါဝင်မှုနှုန်းကိုကြည့်ပြီးတော့ သင့်ခန္ဒာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်တွေကိုလည်း သူကမှတ်တမ်းတင်စောင့်ကြည့်ပေးနိုင်မှာပါ။ သင့်အနေနဲ့ အစားများများစားချင်ရင်တော့ ဘာလုပ်သင့်တယ် ဘာညာဆိုတာကိုလည်း ဒီကိရိယာလေးကနေပြီး ပြောပြနိုင်မှာပါ။

အခုလောလောဆယ် ထုတ်လုပ်ထားတဲ့ ဒီကျန်းမာရေးဆားကစ်ကတော့ အရွယ်အစားအနည်းငယ်ကြီးနေတာကြောင့် လက်ပတ်နဲ့ ခေါင်းပတ်တွေနဲ့ပဲ တွဲဖက် အသုံးပြုလို့ရအုံးမှာပါ။ ဒါပေမယ့်လည်း ထုတ်လုပ်သူတွေကတော့ နောက်ပိုင်းမှာ ဒီထက်ပိုသေးငယ်ပြီး ပိုကောင်းမွန်နိုင်တဲ့ ဆားကစ်တွေကို ထုတ်လုပ်နိုင်မယ်လို့ မျှော်လင့်နေကြပါတယ်။

ဒီကိရိယာအတွက်တော့ လှုပ်ရှားမှုမှတ်တမ်းတင်ကိရိယာတွေနဲ့ စမတ်နာရီတွေနဲ့သာတွဲဖက် အသုံးပြုလို့ရအုံးမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ မိုဘိုင်းဖုန်းတွေနဲ့ တွဲလို့ရအောင်ပါပြုလုပ်သွားမှာပါ။ သူတို့ရဲ့ တီထွင်မှုကတော့ ချွေးမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေပေါ်မူတည်ပြီး သင့်ခန္ဒာကိုယ်ရဲ့ ကျန်းမာရေးအခြေအနေတွေကို စောင့်ကြည့်နိုင်တဲ့ ပထမဆုံး တီထွင်မှုပဲဖြစ်ပါတယ်။



( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Engadget


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment