Powered by Blogger.

Gamer တွေအတွက်အထူးဖွင့်လှစ်ထားတဲ့ ဟိုတယ်


ဟိုတယ်အတော်များများမှာတော့ သင်မကြိုက်တဲ့ အချက်တွေအတော်များများဆိုတာ ရှိကောင်းရှိနိုင်ပါတယ်။ သင်ဟာ ဂိမ်းကို စွဲစွဲလမ်းလမ်းနှစ်သက်ဆော့ကစားတတ်တဲ့ gamer တစ်ယောက်ဖြစ်တယ်ဆိုရင်တော့ သင့်အတွက် ဂိမ်းကစားလို့ရနိုင်တဲ့ ဟိုတယ်ကိုလည်း တည်းဖူးချင်မိမှာ အမှန်ပါပဲ။ ဒီဟိုတယ်ကတော့ တစ်ခြားဟိုတယ်တွေလို သင်ဇိမ်ခံဖို့အတွက် သီးသန့်ပြုလုပ်ထားတာမျိုးမဟုတ်ဘဲနဲ့ ဂိမ်းကစားနိုင်ဖို့ သက်သက်ပြုလုပ်ပေးထားတာပါ။

သင်သွားချင်တယ်ဆိုရင်တော့ နယ်သာလန်နိုင်ငံက အမ်စတာဒမ်ကို ခရီးထွက်ရမှာဖြစ်ပါတယ်။ Arcade လို့အမည်ရတဲ့ ဒီဟိုတယ်ထဲမှာဆိုရင်တော့ gamer တွေအတွက် အကောင်းဆုံးဝန်ဆောင်မှုတွေ ပေးထားမှာဖြစ်ပြီးတော့ သင့်ကို ဂိမ်းကစားလို့ရစေဖို့ တီဗွီတွေ ၊ ဂိမ်းစက်တွေ ၊ ကွန်ပျူတာတွေနဲ့ ဂိမ်းခလုပ်တွေကို အပြည့်တပ်ဆင်ပေးထားပါလိမ့်မယ်။

အကယ်လို့ သင်နဲ့ ဝါသနာတူ gamer တွေပါထပ်ပါလာအုံးမယ်ဆိုရင်တော့ သင့်အနေနဲ့ ဧည့်ခန်းထဲမှာ  အုပ်စုလိုက်ဂိမ်းတွေကို  လွတ်လွတ်လပ်လပ်ကစားနိုင်အောင်လည်း ဖန်တီးပေးထားပါသေးတယ်။ သင့်ကိုတော့ ဂိမ်းခလုပ်တွေ အမျိုးအစားပေါင်းစုံကို ပေးထားမှာဖြစ်ပြီး ဒီဂိမ်းခလုပ်တွေအတွက် အပိုဝန်ဆောင်ခပေးစရာ မလိုပါဘူး။

အကယ်လို့ ဂိမ်းကစားရတာ ပျင်းရိလာရင်လည်း သင့်အနေနဲ့ ရုပ်ပြကာတွန်းစာအုပ်တွေကို ဖတ်ရှုနိုင်အောင်လည်း စီစဉ်ပေးထားပါသေးတယ်။ဟိုတယ်ပိုင်ရှင်ကတော့ " ကျွန်တော့်အနေနဲ့ ခရီးသွား ဂိမ်းကစားသူတွေအတွက် ကိုယ့်အိမ်လိုနေနိုင်အောင်ကို စီစဉ်ပေးထားတယ် " လို့လည်း ပြောပါတယ်။




( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: ubergizmo
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment