Powered by Blogger.

ရေဖြင့်မောင်း၍ရသော ကားကို တီထွင်အောင်မြင်



အိန္ဒိယမှ ကားစက်ပညာရှင်တစ်ဦးဟာ ရေဖြင့်မောင်း၍ရသော အံ့ဖွယ်ကားတစ်စီးကို ဒီဇိုင်းရေးဆွဲနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အသက် ၄၄နှစ်ရှိပြီဖြစ်တဲ့ Mohammad Raees Markani ဆိုသူဟာ 800 cc အင်ဂျင်ကို ၅နှစ်ကြာ အဆင့်မြှင့်လုပ်ဆောင်နေခဲ့ပြီး နောက်ဆုံးတော့ ရေနဲ့မောင်းနှင်နိုင်အောင် ပြုလုပ်နိုင်ခဲ့ကာ သိပ္ပ္ပ္ပ္ပ္ပ္ပ္ပ္ပံပညာမှာ ထိုးဖောက်နိုင်ခဲ့ပြီလို့ ယူဆရပါတယ်။

သဘာဝပတ်ဝန်းကျင်အတွက် ကောင်းမွန်တဲ့ ဒီကားကို ရေနဲ့ ကာဘိုက် အရောအနှော သုံးပြီး မောင်းနှင်နိုင်ပါတယ်။ အရောအနှော တစ်လီတာအတွက် ကုန်ကျစရိတ်ကလည်း ၂ပဲနိပဲရှိတယ်ဆိုတော့ တော်တော်လေးကို သက်သာလှပါတယ်။

"ဒီကားဟာ အက်ဆီတိုင်လင်း ဓာတ်ငွေ့နဲ့ ပြေးဆွဲပါတယ်။ အက်ဆီတိုင်လင်းဓာတ်ငွေ့က ကယ်လ်ဆီယမ် ကာဘိုက်နဲ့ ရေကြားက ဓာတုဓာတ်ပြုမှုကို ဖြစ်ပေါ်စေပါတယ်။ အက်ဆီတိုင်လင်းဓာတ်ငွေ့ကို သတ္တုမီးဂဟေဆက်ရာ၊ ဖြတ်ရာ အပါအဝင် စက်မှုလုပ်ငန်းစဉ်အချို့အတွက် အသုံးပြုပါတယ်။ ကျွန်တော့်ရဲ့ ကိစ္စမှာတော့ ကားအင်ဂျင်အတွက် ကိုက်အောင် သုံးထားတယ်လေ။" လို့ Markani ကပြောခဲ့ပါတယ်။

( Skyler )

# သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Mirror

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment