Powered by Blogger.

ယခုအင်္ဂါနေ့တွင် Huawei P9 ကို CES 2016 ပွဲတွင်ကြေငြာမည်


တရုတ်နည်းပညာကုမဏီ Huawei မှထွက်ပေါ်လာသော အစီရင်ခံစာတစ်ရပ်အရ ၄င်းတို့ရဲ့ Internal Ram 6GB အထိပါဝင်မယ့်  P9 စမတ်ဖုန်းကို အင်္ဂါနေ့မှာ ကြေငြာနိုင်တယ်လို့ သိရပါတယ်၊ Huawei ရဲ့ စီနီယာဒုတိယဥက္ကဌ က အခုကျင်းပနေတဲ့ CES 2016 မှာ သူတို့ဖုန်းကိုကြေငြာဖို့ အတည်ပြုခဲ့တာဖြစ်ပြီး နောက်ထပ် X series ပစ္စည်းတစ်ခုဖြစ်တဲ့ ၆.၂လက်မ မျက်နှာပြင် Honor X3 ကြေငြာနိုင်တယ်လို့ထင်ကြေးပေးနေကြတာဖြစ်ပါတယ်၊

Weibo ကိုပြောကြားချက်အရ RAM 6GB နဲ့ အလုပ်လုပ်မှာဖြစ်တယ်လို့ ဆိုပါတယ်၊ တကယ်လို့ အဲ့ဒီအတိုင်းသာအတည်ဖြစ်ခဲ့မယ်ဆိုရင် ဒီစမတ်ဖုန်းဟာ ဖုန်းလောကမှာ RAM အကြီးဆုံးပမာဏရှိတဲ့ ဖုန်းတစ်မျိုးဖြစ်လာမှာပါ၊ တခြားအချက်အလက်တွေအရတော့ ကင်မရာနှစ်လုံးနဲ့ Fingerprint Scanner တို့လည်းပါဝင်လာမယ်လို့သိရပါတယ်၊

အရင်ကထွက်ခဲ့တဲ့ သတင်းအချက်အလက်တွေအရတော့ P9 စမတ်ဖုန်းမှာ ၅.၂လက်မအရွယ် QHD display နဲ့ 950 SoC Prosessor နဲ့ အလုပ်လုပ်မယ်လို့သိရပါတယ်၊ CES 2016 မှာ Huawei အနေနဲ့ Huawei Mate 8 ကိုလည်းနောက်ထပ် ပြသဖွယ်ရှိနေတယ်လို့ဆိုပါတယ်၊ အဲ့ဒီဖုန်းဟာပြီးခဲ့တဲ့ လက တရုတ်နိုင်ငံမှာရောင်းချပေးထားခဲ့ပြီဖြစ်ပြီး တစ်ကမ္ဘာလုံးကို ရောင်းချမယ့်ဈေးနှုန်းကိုလည်း ဒီပွဲမှာထုတ်ပြန်နိုင်ချေရှိနေပါတယ်၊

Mate 8 ဟာဈေးနှုန်းကိုတော့ 3GB RAM, Internal Sorage 32GB ပါဝင်မယ့်ဖုန်းအတွက် တရုတ်ယွမ်ငွေ ၂၉၉၉ (မြန်မာကျပ် ခြောက်သိန်းခန့်)၊ 4GB RAM, Internal Storage 64GB မော်ဒယ်အတွက် တရုတ်ယွမ်ငွေ ၃၆၉၉ (မြန်မာကျပ် ခုနှစ်သိန်းလေးသောင်းခန့်)၊ 4GB RAM, Internal Storage 128GB မော်ဒယ်ကိုတော့ တရုတ်ယွမ်ငွေ ၄၃၉၉ (မြန်မာကျပ် ရှစ်သိန်းရှစ်သောင်းခန့်)၊ အသီးသီးရှိတယ်လို့သိရပါတယ်၊





























(Blue Lion)

 #သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: Gadgets360














Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment