Powered by Blogger.

သင့်ကို ကလပ်ရောက်သွားသလို ခံစားရစေနိုင်မယ့် ဂီတသံစုံလွယ်အိတ်





အိမ်မှာ သီချင်းနားထောင်ရတာကို တဖြည်းဖြည်း ငြီးငွေ့လာရင်တော့ တကယ့်ကို တီးလုံးသံကျယ်ကျယ်နဲ့ ကလို့ကောင်းတဲ့ ကလပ်ကို သွားချင်စိတ်တွေပေါ်လာမှာပါပဲ။ အခုတော့ ကလပ်သွားဖို့ အစီအစဉ်တွေကို မေ့ထားနိုင်ပြီး ကိုယ့်ဘာသာကိုယ် လွတ်လွတ်လပ်လပ်နဲ့ ကလပ်ရောက်သလို ခံစားသွားရစေမယ့် သံစုံလွယ်အိတ်ကို CES ရှိုးပွဲမှာ မိတ်ဆက်ပြသလိုက်ပါပြီ။

ဒီလွယ်အိတ်ကိုတော့ ဂီတလောက နာမည်ကျော်တွေဖြစ်တဲ့  Pharell Williams နဲ့ Timbaland တို့က ထုတ်လုပ်ဖို့အတွက် အကြံဥာဏ်တွေရခဲ့ကြတာပါ။ အရင်တုန်းကတော့ သံစုံထိုင်ခုံကို တီထွင်ခဲ့ကြပေမယ့်လည်း အခုအချိန်မှာတော့ ရွေ့လျားနိုင်ပြီး အလွယ်တကူ သယ်သွားနိုင်တဲ့ သံစုံလွယ်အိတ်ကို လွယ်လို့ ရပါပြီ။

ဒီလွယ်အိတ်ကိုတော့  virtual reality နည်းပညာကို အခြေခံထုတ်လုပ်ထားတာဖြစ်ပြီး လွယ်အိတ်က ထွက်လာတဲ့ တုန်ခါမှုတွေကို ကျောရိုးဆစ်တွေကနေတစ်ဆင့် ဦးနှောက်ဆီကို တီးလုံးသံတွေအဖြစ်ထုတ်လုပ်ပေးသွားမှာဖြစ်ပါတယ်။ ဒါ့ကြောင့် သင့်အနေနဲ့ beat နားကြပ်ကြီးတွေနဲ့ တီးလုံးသံကျယ်ကျယ်တွေကို ခံစားဖို့ စိတ်ပျက်နေမယ်ဆိုရင်တော့ ဒီရဲ့လွယ်အိတ်ကို လွယ်ထားရုံနဲ့ တီးလုံးသံတွေကို အတိအကျခံစားနိုင်မှာပါ။






ဒီလွယ်အိတ်ကိုတော့ M2 လို့အမည်ပေးထားပြီး စွမ်းအင်ပြောင်းလဲတဲ့ နည်းပညာတွေက အရမ်းကို တိုးတက်လာအုံးမှာပါ။ ဒီလွယ်အိတ်ဟာဆိုရင်တော့ ဒေါ်လာ ၃၈၀ သာကျသင့်မှာဖြစ်ပြီး နောက်ပိုင်းမှာ ပိုမိုကောင်းမွန်တဲ့ ခံစားမှုတွေကို ပေးစွမ်းနိုင်မယ့် VR နည်းပညာအခြေခံ ပစ္စည်းတွေကို ထပ်မံထုတ်လုပ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ SUBPAC ကုမ္ပဏီက ဆိုပါတယ်။



( Paing A K )


#သစ်ထူးလွင် (နည်းပညာ)
#technology.thithtoolwin.com

Ref: Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment