Powered by Blogger.

အမျိုးသမီးတွေအတွက် သင့်တော်စေမယ့် Smart Bra ကို စတင်မိတ်ဆက်





ကမ္ဘာ့ပထမဆုံး Smart Bra ကိုတော့ လတ်စ်ဗီးဂတ်စ်မှာ ပြုလုပ်နေတဲ့ CES ပွဲမှာ မိတ်ဆက်ပြသလိုက်ပါပြီ။ဒီစမတ်ဘရာစီယာဟာဆိုရင်တော့ အခြားစမတ်ပစ္စည်းရှုပ်ရှုပ်ယှက်ယှက်မဝတ်ဆင်ချင်တဲ့ အမျိုးသမီးတွေအတွက်တော့ အဆင်ပြေစေမှာပါ။

ဒီစမတ်ဘရာစီယာမှာ iPhone နဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ bluetooth ပစ္စည်းတစ်ခုကို ဘရာရဲ့ အောက်ဘက်နားမှာ သက်တောင့်သက်သာဖြစ်အောင် တပ်ဆင်ပေးထားပါတယ်။

 ဒါကြောင့် အမျိုးသမီးတွေဟာ မိမိကိုယ်လက်လှုပ်ရှားမှုတွေ ပြုလုပ်ပြီးချိန်မှာ ဖုန်းကနေ တစ်ဆင့် သွေးခုန်နှုန်း ၊ နှလုံးခုန်နှုန်း ၊ လမ်းလျှောက်ခဲ့တဲ့ အကွာအဝေးနဲ့ ကယ်လိုရီလောင်ကျွမ်းမှုတွေကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

ဒီ ဘရာစီယာကိုတော့ လော့အိန်ဂျလိစ်အခြေစိုက် OMsignal ကုမ္ပဏီကထုတ်လုပ်ခဲ့တာဖြစ်ပြီး ဒေါ်လာ ၁၅၀ နဲ့ မှာယူနိုင်နေပြီဖြစ်တယ်လို့ သိရပါတယ်။



( Paing A K )


#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: USA Today



Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment