Powered by Blogger.

ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ သက်တမ်း ၁၂ နှစ်ပြည့်မယ့် Facebook




Facebook တည်ထောင်သူ လူငယ် မီလျံနာ Mark Zuckerberg ဟာ သင့်ကို Facebook ရဲ့  နှစ်ပတ်လည်နေ့ကို ခင်မင်မှုနေ့ (Friendship Day) အဖြစ် သတ်မှတ်ပြီး ဂုဏ်ပြုပေးစေချင်နေပါတယ်။ Zuckerberg ဟာ Facebook သုံးစွဲသူ ၁.၅ ဘီလီယံ ခန့်ကို လူမှုကွန်ရက်ရဲ့  သက်တမ်း ၁၂ နှစ်ပြည့် နှစ်ပတ်လည်ပွဲကို ခင်မင်မှုနေ့ အဖြစ် ဂုဏ်ပြုပေးဖို့ တိုက်တွန်းခဲ့ပါတယ်။

Facebook ဟာ လာမယ့် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ သက်တမ်း ၁၂ နှစ်ပြည့်မှာဖြစ်ပါတယ်။

Zuckerberg ဟာ ၂၀၀၄ ခုနှစ် ဇန်န၀ါရီလမှာ Facebook အတွက် ပထမဆုံး ကုဒ်ကို ရေးသားခဲ့ပါတယ်။ သူဟာ သူတက်ရောက်ခဲ့တဲ့ ကောလိပ်အတွင်းမှာရှိတဲ့ ကျောင်းသားတွေအချင်းချင်း ချိတ်ဆက် နိုင်အောင် ကူညီပေးခဲ့ရာကနေ ကမ္ဘာပေါ်က သန်းပေါင်းများစွာသော လူထုကို သူငယ်ချင်းတွေနဲ့ချိတ်ဆက်ဖို့အတွက် Facebook က လွှမ်းမိုးလာနိုင်ခဲ့ပါတယ်။

"ဖေဖော်ဝါရီ၎ ရက်နေ့မှာ သင်တို့အားလုံး ကျွန်တော်နဲ့အတူ ခင်မင်မှုနေ့ကို ဂုဏ်ပြုရာမှာ ပါဝင်ကြမယ်လို့ မျှော်လင့်ပါတယ်။ သင့်ဘ၀မှာ ခြားနားမှုတစ်ခုဖြစ်စေခဲ့တဲ့ ခင်မင်မှုတွေကို ဂုဏ်ပြုရမယ့် အခိုက်အတန့်တစ်ခုပါ။သင်တို့မှာ ခင်မင်မှုနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတစ်ပုဒ်ရှိမယ်ဆိုရင် ကျွန်တော်လည်း နားထောင်ချင်ပါတယ်။ အဲဒါကို ဝေမျှပေးကြပါ။ကျွန်တော် တတ်နိုင်သလောက် ဖတ်သွားမှာပါ" လို့ အသက် ၃၁ နှစ်အရွယ် ဘီလျံနာ Mark Zuckerberg က ဆိုပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Tech Arrive
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment