Powered by Blogger.

၂၀၁၈ မှာ လကမ္ဘာရဲ့ အမှောင်ဘက် အခြမ်းကိုလေ့လာဖို့ တရုတ် စီစဉ်




တရုတ်နိုင်ငံဟာ ၂၀၁၈ ခုနှစ်မှာ လရဲ့  အမှောင်ဘက်ခြမ်းကို အာကာသယာဉ် ဆင်းသက်နိုင်အောင် စီစဉ်နေတယ်လို့ Xinhua News Agency ရဲ့  သတင်းတစ်ရပ်အရသိရပါတယ်။

တရုတ်နိုင်ငံဟာ အာကာသ လုပ်ငန်းစဉ်တွေထဲမှာမှ လကမ္ဘာကို စူးစမ်းလေ့လာဖို့ကိုလည်း လွန်ခဲ့တဲ့ ၂ နှစ်က စတင်ပြီး အာရုံစိုက်ထားပါတယ်။  တရုတ်နိုင်ငံဟာ ၁၉၇၆ ခုနှစ်မှာ Chang'e-3 အာကာသ ယာဉ်နဲ့ လကမ္ဘာကို သွားရောက်ခဲ့ပြီး Jade Rabbit ဆိုတဲ့ ယာဉ်ငယ် နဲ့လကမ္ဘာပေါ်ကို ပထမဆုံး အကြိမ် စမ်းသပ် ဆင်းသက် နိုင်ခဲ့ပါတယ်။

ကမ္ဘာပေါ်က နိုင်ငံအသီးသီးဟာ အာကာသယာဉ်တွေနဲ့ လကမ္ဘာကို သွားရောက်ဖူးကြပါတယ်။ သွားခဲ့သူတိုင်းဟာ ကမ္ဘာကနေ မမြင်ရတဲ့ လကမ္ဘာ ရဲ့  အမှောင်ဘက်အခြမ်း ကို မြင်တွေ့ခဲ့ကြပါတယ်။ ဒါပေမယ့် ဘယ်သူမှ မဆင်းသက်နိုင်ခဲ့ကြသေးပါဘူး။

Chang'e-4 လို့ခေါ်တဲ့ တရုတ်နိုင်ငံ ရဲ့  အာကာသ ယာဉ်အသစ်ဟာ Chang'e-3 နဲ့ ဆင်တူပြီး ပိုမိုလေးလံတဲ့ အပိုပစ္စည်းတွေ သယ်ဆောင်နိုင်ပါတယ်။ Xinhua သတင်းဌာနဟာ တရုတ်နိုင်ငံ ရဲ့ သိပ္ပံ ၊ နည်းပညာ နဲ့ ကာကွယ်ရေးလက်နက် ထိန်းချုပ်ရေး ဌာန မှာ အကြီးဆုံးဖြစ်တဲ့ Liu Jizhong ရဲ့ ပြောကြားချက်တွေကိုဖော်ပြခဲ့တာဖြစ်ပါတယ်။ Chang'e-4 ဟာ လကမ္ဘာရဲ့ အမှောင်ဘက်အခြမ်းမှာရှိတဲ့ ပထ၀ီအနေအထားတွေကို လေ့လာသွားမှာဖြစ်တယ်လို့ Liu က ဆိုခဲ့တာဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment