Powered by Blogger.

အမေရိကန်တက္ကသိုလ်တွေမှာ Hoverboard စီးနင်းခွင့်ကို ပိတ်ပင်



Hoverboard တွေဟာ မီးစွဲလောင်ဖို့ အန္တရာယ်များတယ်ဆိုတဲ့ ဗီဒီယိုတွေ ထွက်လာပြီးတဲ့နောက်မှာ အမေရိကန်နိုင်ငံက တက္ကသိုလ်ကောလိပ်တွေဟာ ကျောင်းဝင်းအတွင်း Hoverboard စီးနင်းခွင့်တွေကို ပိတ်ပင်လိုက်ပါပြီ။

Hoverboard တွေမှာ ပါရှိနေတဲ့ လစ်သီယမ်-အိုင်းယွန်းဘက်ထရီတွေဟာ စီးနင်းနေရင်းနဲ့ မီးစွဲလောင်ဖို့ ရာနှုန်းများနေတာကြောင့် တက္ကသိုလ်တွင်း မီးဘေးအန္တရာယ်ကို ရှောင်ကြဉ်နိုင်ဖို့ အခုလို တားမြစ်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။ " ဒီဟန်ချက်ထိန်းပစ္စည်းတွေက မီးလောင်တာမျိုးဖြစ်တတ်တယ်လို့ သိရတယ်။ ဒီလိုအန္တရာယ်များတဲ့အရာတွေကို ကျောင်းဆောင်တွေအတွင်းမှာ မရှိစေချင်လို့ပါ " လိုပါလို့ ကင်းတက္ကသိုလ်ရဲ့ မီးဘေးလုံခြုံရေးမှူး Len Dolan က ပြောပါတယ်။

အခုလို စည်းကမ်းကိုတော့ အမေရိကန်နိုင်ငံက တစ်ချို့ကျောင်းတွေမှာ အသက်သွင်းဖို့ မရှိသေးပေမယ့် ကျောင်းသားအိပ်ဆောင်တွေအတွင်းကိုတော့ ယူဆောင်ခွင့် ပိတ်ပင်ထားပါတယ်။ အခုလိုမီးအန္တရာယ်ရှိတဲ့ Hoverboard တွေကို လေယာဉ်တွေပေါ် သယ်ယူခွင့် ပိတ်ပင်ထားသလို Amazon ဝက်ဘ်ဆိုက်ကလည်း Hoverboard မှာယူသူတွေကို ငွေပြန်အမ်းပေးခဲ့ပြီး နောက်ပိုင်းမှာတော့ ရောင်းချမှုကိုပါ ရပ်တန့်ခဲ့ပါတယ်။




( Paing A K )


#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Gadgets360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment