Powered by Blogger.

၂၀၁၅ ခုနှစ်အတွင်း Huawei ၏ တစ်ကမ္ဘာလုံးသို့ဖုန်းတင်ပို့မှုမှာ ၁၀၈သန်းခန့်ရှိ


ကမ္ဘာ့နံပါတ်သုံး တရုတ်နည်းပညာကုမ္ပဏီ Huawei ရဲ့တစ်ကမ္ဘာလုံးသို့ဖုန်းတင်ပို့မှုဟာ၂၀၁၅ခုနှစ်မှာ ၁၀၈သန်းခန့်ရှိပြီ နှစ်စဉ် ၄၄ ရာခိုင်နှုန်းခန့်တိုးလာတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်၊ ဒါဟာ တရုတ်နဲ့ အနောက်ဥရောပ နိုင်ငံတွေမှာ သူတို့ကုန်ပစ္စည်းဈေးကွက်ကျယ်ပြန့်ခိုင်မာ လာတာကြောင့်ဖြစ်တယ်လို့သိရပါတယ်။

Huawei ကုမ္ပဏီက သူတို့ရဲ့ဖောက်သည် လုပ်ငန်းစုတွေအနေနဲ့ စမတ်ဖုန်း၊ တက်ဘလက်တို့ကို ရောင်းရတဲ့ ရာခိုင်နှုန်းဟာ နှစ်စဉ် ရာခိုင်နှုန်း ၇၀ ကိုခုန်တက်သွားပြီး ၂၀၁၅ခုနှစ်ထဲမှာတင် ဒေါ်လာဘီလျံ ၂၀လောက်ရှိခဲ့တာပါ။

Huaweiဟာ ကမ္ဘာ့အကြီးဆုံး နည်းပညာကုမ္ပဏီတွေဖြစ်တဲ့ Samsung နဲ့ Apple ကို အဓိကယှဉ်ပြိုင်နေတာဖြစ်ပြီး လွန်ခဲ့တဲ့အပတ်တုန်းက ၂၀၁၅ခုနှစ်အတွက် ရောင်းခွန်၃၅ရာခိုင်နှုန်းလောက် ပေးဆောင်ခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

(Blue Lion)

#သစ်ထူးလွင် (နည်းပညာ)

#technology.thithtoolwin.com

Ref: Reuters
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment