Powered by Blogger.

Samsung ရဲ့  Galaxy S7 စီးရီးဖုန်းတွေမှာ ရေစိုခံစနစ်နဲ့ ပိုမိုကြီးမားတဲ့ ဘက်ထရီပါဝင်လာမည်





ထွက်ပေါ်လာတဲ့ သတင်းတစ်ရပ် အရ အခိုင်အမာ သိခဲ့ရတာကတော့ Samsung Galaxy S7 နဲ့ Galaxy S7 Edge တို့ဟာ Galaxy S6 မှာတုန်းက မပါဝင်ခဲ့တဲ့ လုပ်ဆောင်ချက်အသစ် တွေ ပါဝင်လာမယ်ဆိုတာပါပဲ။

အဲဒီလုပ်ဆောင်ချက် အသစ် တွေကတော့ microSD ကတ်ထည့်သွင်းနိုင်ခြင်းနဲ့ ရေစိုခံနိုင်ခြင်းတို့ပဲဖြစ်ပါတယ်။

ဒါ့အပြင် Venture Beat သတင်းဌာနက ဖော်ပြထားတဲ့ သတင်းအရတော့ Samsung ရဲ့  မကြာခင်ပေါ်ထွက်လာမယ့် အရည်အသွေးမြင့် Galaxy S7 စီးရီး ဟန်းဆက်တွေဟာ ပိုမိုကြီးမားတဲ့ ဘက်ထရီ လည်းပါဝင်လာဦးမယ်လို့ ဆိုထားပါတယ်။ဒါပေမယ့်လည်း အဲဒီဘက်ထရီတွေဟာ ဖြုတ်/တပ်လို့ မရနိုင်တဲ့ ဘက်ထရီတွေပဲဖြစ်ပါတယ်။

Galaxy S7 နဲ့ S7 Edge တို့ဟာ ဖုန်းနောက်ကျော နဲ့ တစ်ပြေးညီဖြစ်နေမယ့် ကင်မရာ အသစ်တစ်မျိုးကိုလည်း ထည့်သွင်းထားပြီး ကြည်လင်ပြတ်သားမှုကတော့ 12 Megapixel သာပါရှိမှာပါ။ ထိုကင်မရာဟာ အလင်းနည်းတဲ့ မြင်ကွင်းတွေကို ရိုက်ကူးနိုင်အောင် အဆင့်မြှင့်ထားတဲ့ Low-Light လုပ်ဆောင်ချက်လည်းပါဝင်လာမယ်လို့သိရပါတယ်။

Samsung ဟာ Galaxy S7 နဲ့ S7 Edge တို့ကို ဖေဖော်ဝါရီလထဲမှာ ထုတ်လုပ်ဖွယ်ရှိတယ်လို့ ကောလာဟလတွေ ထွက်ပေါ်လျက်ရှိနေပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Tech Radar
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment