Powered by Blogger.

iOS နဲ့ Android ကို ချိတ်ဆက်ပြီး ဒေတာကူးပြောင်းနိုင်မယ့် app တစ်ခုကို Apple ဖန်တီးနေ




Apple ကုမ္ပဏီဟာဆိုရင်တော့ iPhone ကို ဝယ်ယူထားတဲသူတွေအနေနဲ့ iOS စနစ်ထဲမှာတင်မကပဲ Android စနစ်နဲ့ပါ ချိတ်ဆက် အသုံးပြုစေနိုင်ဖို့ iOS ကနေ Android စနစ်ကို ဒေတာတွေ ကူးပြောင်းပေးမယ့် အက်ပလီကေးရှင်းတစ်ခုကို တီထွင်လျက်ရှိတယ်လို့ သိရပါတယ်။ Telegraph သတင်းစာကဖော်ပြခဲ့တာကတော့ " အတွင်းသတင်းတွေအရ Apple ကုမ္ပဏီဟာ ဒီစနစ်နှစ်ခုကြားမှာ ဖိုင်တွေ ကူးပြောင်းပေးနိုင်တဲ့ ပလက်ဖောင်းအက်ပလီကေးရှင်းတစ်ခုကို တီထွင်နိုင်ဖို့ သဘောတူညီမှုတွေရယူနေတယ် " လို့ ဖော်ပြထားခဲ့ပါတယ်။

Apple ဟာ iOS စနစ်အသုံးပြုသူတွေနဲ့ Android အသုံးပြုသူတွေကြားမှာ ဖုန်းအဆက်အသွယ်တွေ ၊ ဓာတ်ပုံတွေနဲ့ တခြားဒေတာတွေကိုပါ လွှဲပြောင်းပေးနိုင်တဲ့  "Move to iOS" လို့အမည်ရတဲ့ အက်ပလီကေးရှင်းတစ်ခုကို တီထွင်ခဲ့ပေးဖူးပါတယ်။  Apple ဟာဆိုရင် Apple Music နဲ့ the Beats pill+ စပီကာတွေကိုလည်း Android စနစ်နဲ့ ချိတ်ဆက်နိုင်အောင် အက်ပလီကေးရှင်းတစ်ခုကိုလည်း စီစဉ်ပေးခဲ့ဖူးပါတယ်။ ဒါ့ကြောင့် အခုနောက်ဆုံးတီထွင်မယ့် ပလက်ဖောင်း အက်ပလီကေးရှင်းဟာဆိုရင်တော့ Apple က Android စနစ်နဲ့ပါချိတ်ဆက်နိုင်အောင် တီထွင်ပေးခဲ့တဲ့ သုံးခုမြောက် အက်ပလီကေးရှင်း ဖြစ်လာနိုင်ပါတယ်။

အခုလို ကောလဟလထွက်နေတဲ့ အက်ပလီကေးရှင်းဟာဆိုရင်တော့  iPhone ကို လူတွေဖြစ်စေချင်တဲ့ Android စနစ်နဲ့ပါ လိုက်လျောညီထွေချိတ်ဆက်စေမယ့် ဖုန်းအဖြစ် တာဝန်ကျေအောင် ကူးပြောင်းပေးမှာပါ။ ဒီအက်ပလီကေးရှင်းသာ တကယ်ဖြစ်လာခဲ့ရင် ဗီဒီယိုတွေ ၊ သီချင်းတွေနဲ့ အခြားအရာတွေကိုပါ အလွယ်တကူကူးပြောင်းပေးသွားနိုင်မှာပါ။ ဒီနေရာမှာတော့ Android စနစ်ရဲ့ အက်ပလီကေးရှင်းတွေကိုပါ  iOS စနစ်ထဲကို ကူးပြောင်းခွင့်ပြုမလားဆိုတာကတော့ အတိအကျမသိရသေးပါဘူး။

Apple ဟာ ဒီသတင်းတွေကိုတော့ အတည်ပြုခြင်းမရှိသေးပေမယ့် တိုးတက်လာတဲ့ စမတ်ဖုန်းလောကအတွက် Apple ရဲ့ နည်းဗျူဟာအသစ်တစ်ရပ်ဖြစ်နိုင်တယ်လို့လည်း ခန့်မှန်းနေကြပါတယ်။ ဒီလို ပလက်ဖောင်းအက်ပလီကေးရှင်းတွေကို များများတီထွင်နေခြင်းဟာဆိုရင်တော့  ဒီအင်အားကြီးစနစ်နှစ်ခုရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကို အကောင်းဆုံးဖြစ်စေလိမ့်မယ်လို့လည်း သိရပါတယ်။



( Paing A K )



#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : Techinsider


Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment