Powered by Blogger.

ISIS အဖွဲ့ဝင်တွေအချင်းချင်း မက်ဆေ့ဂ်ျပေးပို့ရာမှာ အသုံးပြုခဲ့တဲ့ App




အီရတ် နဲ့ ဆီးရီးယား နိုင်ငံတို့မှာ ရှိတဲ့ အစ္စလာမ် အစွန်းရောက်အကြမ်းဖက်အဖွဲ့ ISIS ဟာ အဖွဲ့ဝင်အချင်းချင်း လုံခြုံစွာ ဆက်သွယ်နိုင်ဖို့အတွက် Android စနစ်သုံး မက်ဆေ့ဂ်ျပေးပို့တဲ့ App တစ်ခုကို ထုတ်လုပ်ထားတယ်လို့ သိရပါတယ်။

ထို App ကို Dubbed Alrawi လို့ခေါ်ပြီး ထို App ဟာ နိုင်ငံအသီးသီးမှာရှိတဲ့ လုံခြုံရေး အေဂျင်စီတွေ နဲ့ အစိုးရတွေ အတွက် ISIS အဖွဲ့ဝင်တွေရဲ့  ဆက်သွယ်နေမှုကို ထောက်လှမ်းဖို့ ခက်ခဲတယ်လို့လည်း ISIS အဖွဲ့က အခိုင်အမာဆိုထားပါတယ်။

ထို App ကို Ghost Security Group ဆိုတဲ့ အကြမ်းဖက်မှုဆန့်ကျင်ရေး ကွန်ယက် က စတင်ရှာဖွေတွေ့ရှိခဲ့ပြီး ထို App ကို Google Play Store မှာလည်း ဒေါင်းလုဒ် ပြုလုပ်လို့ မရနိုင်ပါဘူး။

ထို App ကို တပ်ဆင်ဖို့အတွက် လိုအပ်တာကတော့ App ရဲ့  apk code ကို ဒေါင်းလုဒ် ပြုလုပ်ပြီး Android ဖုန်းထဲထည့်သွင်းလိုက်တာနဲ့ စတင်အသုံးပြုနိုင်မှာဖြစ်ပါတယ်။

၂၀၁၅ ခုနှစ်တုန်းကလည်း Ghost Security Group ဆိုတဲ့ ကွန်ယက်က Amaq Agency လို့ခေါ်တဲ့ ISIS တို့အသုံးပြုနေတဲ့ App တစ်ခုကို ရှာဖွေတွေ့ရှိခဲ့ဖူးပါတယ်။ Amaq Agency ဆိုတဲ့ App ကတော့ ISIS အဖွဲ့ဝင်တွေကို ISIS ရဲ့  သတင်းတွေနဲ့ တပ်သားသစ်စုဆောင်းရေး သတင်းအချက်အလက်တွေကို ပေးပို့ဖို့အတွက် အသုံးပြုခဲ့ကြတာပဲဖြစ်ပါတယ်။

ကမ္ဘာကျော် ဟက်ကာအဖွဲ့ဖြစ်တဲ့ Anonymous ကလည်း မနှစ်က ISIS အဖွဲ့ကို ဆိုက်ဘာတိုက်ခိုက်မှုတွေပြုလုပ်မယ့်အကြောင်း စစ်ကြေညာခဲ့ပြီး ISIS နဲ့ ပတ်သက်တဲ့ အင်တာနက် သတင်းအချက်အလက်တွေအားလုံးကို တိုက်ခိုက်မှုတွေ စတင်ခဲ့ဖူးပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment