Powered by Blogger.

ရေတွေဖြုန်းတီးနေတာကို ရပ်တန့်ပေးမယ့်ရေပန်းခေါင်း


ရေချိုးတာကိုအချိန်အကြာကြီးချိုးပြီး ရေတွေဖြုန်းတီးနေပါသလား၊ ဒီတီထွင်မှုကသင့်အတွက်ဖြစ်လာမှာပါ။  လူတစ်ယောက်ဟာ ပျှမ်းမျှအားဖြင့် သင်ရေချိုးဖို့အတွက် ရေလီတာ ၈၀ကို အသုံးပြုနေပါတယ်။ ဒီရေပိုက်ခေါင်းက သင်ရေတွေဖြုန်းတီးနေမိရင် အရောင်တွေပြောင်းလဲရင်းနဲ့ သတိပေးမှာပါ။ ပြင်သစ်ကပညာရှင်တစ်ဦးတီထွင်ခဲ့တဲ့ ဒီ Hydrao Shower ရေပန်းခေါင်းဟာ ဘယ်လိုစမတ်ဖုန်းမျိုးနဲ့မဆို  သင်ရေဘယ်လောက်သုံးစွဲခဲ့တယ်ဆိုတာကို သိရှိနိုင်ပါတယ်။

ဒီရေပန်းဟာ အခုလိုမျိုးရေတွေ အလဟသဖြစ်သွားတာကို သိရှိနိုင်အောင်စီစဉ်ထားတဲ့ မီးအလင်းရောင် အချက်ပြစနစ် ပါဝင်ပါတယ်။ ရိုးရှင်းစွာပြောင်းလဲသွားတဲ့ အရောင်တွေက သင့်အနေနဲ့ ရေဘယ်လောက်အသုံးပြုပြီးပြီဆိုတာသိနိုင်မှာဖြစ်ပါတယ်။

၁၀လီတာသုံးပြီးရင် အစိမ်းရောင်အလင်းပြမှာဖြစ်ပြီး ၁၀လီတာကနေ လီတာ၅၀ထိသုံးပြီးရင်တော့ ခရမ်းနုရောင်အလင်းပြမှာဖြစ်ပါတယ်။ နောက်ဆုံး ရေကိုသုံးစွဲမှုအတိုင်းအတာ များသွားပြီဖြစ်တဲ့ လီတာ၅၀အထက်သုံးလိုက်ရင်တော့ အနီရောင်အလင်းပြ ပေးမှာဖြစ်ပါတယ်။


ရေပန်းရဲ့ Sitting တွေကို စမတ်ဖုန်းတွေကတစ်ဆင့် ပြန်လည်ချိန်ညှိနိုင်တဲ့စနစ်ပါဝင်ပြီး သင့်ရဲ့ဖုန်းမှာ သင်ရေနဲ့ ပိုက်ဆံ ဘယ်လောက်ချွေတာခဲ့တယ်ဆိုတာသိနိုင်မှာဖြစ်ပါတယ်။



(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Independent
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment