Powered by Blogger.

ISIS ကို ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ Twitter တရားစွဲခံထားရ




လူမှုမီဒီယာ လုပ်ငန်းတစ်ခုဖြစ်တဲ့ Twitter ဟာ ဂျော်ဒန်နိုင်ငံ မှာ အစ္စလာမ် အစွန်းရောက် အဖွဲ့ ISIS ရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရသူ အမေရိကန်လူမျိုးရဲ့  ဇနီး မုဆိုးမ တစ်ယောက်ရဲ့ တရားစွဲခြင်းကိုခံလိုက်ရပါတယ်။ သူမ စွပ်စွဲခဲ့တာကတော့ Twitter ဟာ ISIS အဖွဲ့ကို လုပ်ပိုင်ခွင့်အာဏာ ပေးထားတယ်လို့ ဆိုပြီး အကြမ်းဖက်မှုနဲ့ ဆက်စပ်နေတဲ့ အွန်လိုင်း ၀ါဒဖြန့်ချီမှုတွေအပေါ်မှာ တားမြစ်သင့်တယ်လို့လည်း ဖိအားပေးခဲ့ပါတယ်။

ဖလော်ရီဒါ ပြည်နယ်မှာ နေထိုင်တဲ့ Tamara Fields ဆိုသူ အမျိုးသမီး ရဲ့ ခင်ပွန်းဖြစ်သူ Lloyd ဟာ နိုဝင်ဘာ ၉ ရက်နေ့က  ဂျော်ဒန်နိုင်ငံ အန်မန် မြို့ မှာရှိတဲ့ ရဲလေ့ကျင့်ရေးကျောင်းကို ISIS တွေတိုက်ခိုက်မှုမှာ သေဆုံးသွားခဲ့တာပါ။ သူမရဲ့ ပြောကြားချက်အရတော့ Twitter ဟာ ISIS တွေရဲ့  ၀ါဒဖြန့်ချီနေမှု နဲ့ တပ်သားစုဆောင်းနေမှုတွေကို သိနေလျက်နဲ့ ခွင့်ပြုထားတာဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး ကျွမ်းကျင်တဲ့ ဥပဒေ ပညာရှင်တွေဆိုခဲ့တာက Fields ဟာ စစ်ပွဲအသစ်တစ်ရပ်ကို ရင်ဆိုင်ရနိုင်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း သူမရဲ့ လုပ်ရပ်ဟာ Twitter နဲ့ Facebook တို့လို လူမှု မီဒီယာ ကုမ္မစီတွေကို အကြမ်းဖက်မှုနဲ့ ဆက်စပ်တဲ့ Post တွေတိုင်းအား ဖယ်ရှားပေးစေဖို့အထိ ဖြစ်လာစေနိုင်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် Fields က ဆန်ဖရန် ဆစ္စကို အခြေစိုက် Twitter ကုမ္မဏီဟာ အစ္စလာမ် အစွန်းရောက်အကြမ်းဖက်အဖွဲ့ကို Isis အမည်ဆိုတဲ့ နာမည်နဲ့ တရားဝင်အကောင့်ဖွင့်ခွင့်ပေးထားတယ်လို့ စွပ်စွဲထားပါသေးတယ်။ ဒါကြောင့် Fields က Twitter ကို အကြမ်းဖက်သမားတွေကို ကုန်ကြမ်းထောက်ပံ့မှုကြောင့် ဖက်ဒရယ် အကြမ်းဖက်မှုဆန့်ကျင်ရေးဥပဒေ ကို ချိုးဖျက်ခဲ့တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ သူမ ဆုံးရှုံးခဲ့မှုရဲ့  ၃ ဆ လျော်ကြေးရယူလိုမှုနဲ့ တရားစွဲဆိုခဲ့တာပဲဖြစ်ပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment