Powered by Blogger.

Nissan ကုမ္မဏီရဲ့  တစ်ကမ္ဘာလုံးက ၀က်ဘ်ဆိုက်များ ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်ခံရ




ဂျပန်နိုင်ငံရဲ့  ဝေလငါးနဲ့ လင်းပိုင်ဖမ်းဆီးရေး လုပ်ငန်းစဉ်တွေကြောင့် ဂျပန်နိုင်ငံအခြေစိုက် ကားထုတ်လုပ်ရေးလုပ်ငန်းဖြစ်တဲ့ Nissan ရဲ့  တကမ္ဘာလုံးက တရားဝင်ဝက်ဘ်ဆိုက်တွေ ကို တက်ကြွလှုပ်ရှားသူ ဟက်ကာတွေက ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်ခဲ့ ကြတယ်လို့ သိရပါတယ်။ ဂျပန်နိုင်ငံ ရဲ့  နံပါတ် ၂ မော်တော်ကားထုတ်လုပ်ရေး လုပ်ငန်းလည်းဖြစ်တဲ့ Nissan ဟာ သူတို့ရဲ့ ဝက်ဘ်ဆိုက်တွေတိုက်ခိုက်ခံခဲ့ရကြောင်းကို အင်္ဂါနေ့ညနေက အတည်ပြု ပြောကြားခဲ့ပါတယ်။

"ငါတို့ရဲ့  သတင်းအချက်အလက် စနစ်အတွက် လိုအပ်တဲ့ ဆောင်ရွက်မှုတွေအားလုံးကို အလေးထားပြုလုပ်သွားမှာပါ။ ဘာလို့လည်း အခုလိုတိုက်ခိုက်ခံရတဲ့အတွက် ငါတို့ဟာ ၀က်ဘ်ဆိုက်က တစ်ဆင့် ၀န်ဆောင်မှုပေးတဲ့လုပ်ငန်းစဉ်တွေကို ဆိုင်းငံ့ထားရပါတယ်။" လို့ Nissan ကုမ္မဏီ ရဲ့ တာဝန်ရှိသူတစ်ဦးကဆိုပါတယ်။
ကမ္ဘာကျော် ဟက်ကာအဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ Anonymous ကလည်း Twitter မှာ "သတ်ဖြတ်မှုတွေချက်ချင်းရပ်ပါ ဂျပန်နိုင်ငံ" လို့ ရေးသားထားတဲ့အတွက် ဒီ ဆိုက်ဘာတိုက်ခိုက်မှုတွေဟာ Anonymous ရဲ့ လက်ချက်ဖြစ်တယ်လို့လည်း ခန့်မှန်းရပါတယ်။ ထို မက်ဆေ့ဂ်ျစာသားဟာ Nissan ကုမ္မဏီရဲ့  အမှုဆောင်အရာရှိတစ်ယောက် ဂျပန်ဝန်ကြီးချုပ် Shinzo Abe ရဲ့  ဘေးမှာ ရပ်ပြီး လင်းပိုင် ဖမ်းဆီးမှုကို ကြည့်ရှုနေတဲ့ ဓါတ်ပုံတွေနဲ့အတူ တွဲဖက် ထွက်ပေါ်လာတာလည်းဖြစ်ပါတယ်။

NHK အသံလွှင့်ဌာနက ဖော်ပြထားတာကတော့ ၂၀၁၅ ခုနှစ် အကုန်ပိုင်းမှာ ဂျပန်နိုင်ငံ တစ်ဝှမ်းက အဖွဲ့အစည်း ၁၀၀ ကျော်ရဲ့  ၀က်ဘ်ဆိုက်တွေဟာ ဆိုက်ဘာ တိုက်ခိုက်မှု ပြုလုပ်ခံခဲ့ရပြီး ၀န်ကြီးချုပ် Shinzo Abe ရဲ့  တရားဝင် ၀က်ဘ်ဆိုက်လည်း ဆိုက်ဘာတိုက်ခိုက်မှု ခံရတဲ့ အထဲမှာပါဝင်ခဲ့တယ်လို့ သိရပါတယ်။

( Mario )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Gadgets 360
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment