Powered by Blogger.

သင့်ရဲ့ အိမ်တွင်း လုပ်ငန်းပေါင်းများစွာကို လုပ်ဆောင်ပေးမယ့် Sony မီးလုံး




Sony ကတော့ သင့်ရဲ့ အိမ်တွင်းလုပ်ငန်းစဉ်များစွာကို ကူညီလုပ်ဆောင်ပေးနိုင်မယ့် မီးလုံးတစ်မျိုးကို မိတ်ဆက်ပြသလိုက်ပါတယ်။ သင်စိတ်ကူးသမျှကို  အိမ်တွင်းအလုပ်တွေအတွက် များစွာ ကူညီပေးမှာဖြစ်ပြီး မီးလုံးတစ်လုံးတည်းနဲ့ တစ်ထိုင်တည်း အလုပ်ပြီးအောင် Sony က တီထွင်လိုက်ပါတယ်။

ဒီမီးလုံးကိုတော့ သင့်ရဲ့ စမတ်ဖုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်မှာဖြစ်ပြီး timer တွေနဲ့ အဖွင့်အပိတ် လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နိုင်ပါလိမ့်မယ်။ ဒီမီးလုံးမှာတော့ Sony က Toshiba ရဲ့ LED lighting နည်းပညာကို အသုံးပြုထားတာကြောင့် နေအိမ်မှာရှိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေရဲ့ လုပ်ဆောင်ချက်တွေကိုလည်း သူက ထိန်းချုပ်ပေးထားနိုင်မှာပါ။

ဒီမီးလုံးမှာ sensor တွေလည်း ပါဝင်လာပြီး သင့်ရဲ့ လှုပ်ရှားမှု ၊ အခန်းပတ်ဝန်းကျင် အပူချိန် ၊ မြူဆိုင်းမှုနဲ့ အလင်းရောင်တွေကို အာရုံခံသိရှိနိုင်ပြီး
မီးကို ချိန်ဆ ထွန်းညှိပေးမှာပါ။ အနီအောက်ရောင်ခြည်နဲ့ ထိန်းချုပ်နိုင်တဲ့ ရီမုတစ်ခုပါဝင်ပြီး သီချင်းတွေကို ထုတ်လွှင်ပေးနိုင်တဲ့ စပီကာ ၊ မိုက်ကရိုဖုန်းတွေနဲ့ SD ကတ် အပေါက်တွေလည်း  ပါဝင်ပါသေးတယ်။

သင်အိမ်ထဲကို ဝင်လာရင်တော့ မီးက အလိုအလျောက်ပွင့်သွားမှာဖြစ်ပြီး အခန်းတစ်ခုနဲ့ တစ်ခုကြားမှာလည်း မီးလုံးကနေ အဆက်အသွယ်ပြုလုပ်နိုင်မှာပါ။ သင်တီဗွီရှေ့ကို ထိုင်လိုက်ရင်တော့ မီးလုံးကနေ တီဗွီကို အလိုအလျောက်ဖွင့်ပေးသွားနိုင်မှာဖြစ်ပြီး သင့်အခန်းထဲမှာရှိတဲ့ အဲယားကွန်းကိုလည်း ဖွင့်နိုင်အောင် ပြုလုပ်နိုင်ပါတယ်။

သင်လုပ်စေချင်တဲ့ လုပ်ငန်းစဉ်တွေကိုတော့ မီးလုံးကို မှတ်သားထားစေနိုင်ပြီး သင်က အိမ်ထဲကို ဝင်လာတာနဲ့ ဒီမီးလုံးက သင်လုပ်စေချင်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်ပေးသွားမှာပါ။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Techinsider
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment