Samsung က ဆန်းသစ်တဲ့အရောင်တွေနဲ့ Gear S2 Classic နာရီကို တရုတ်မှာ စတင်မိတ်ဆက်
Samsung ဟာ ဆိုရင်တော့ သူ့ရဲ့ စမတ်နာရီတွေကို စတင်မိတ်ဆက်ခဲ့ပြီး နှစ်နှစ်အကြာမှာဆိုရင်တော့ သူတို့ရဲ့ ပိုတိုးတက်လာတဲ့ စွမ်းဆောင်ချက်တွေနဲ့အတူ S2 မျိုးဆက်ကို ထပ်ပြီး မိတ်ဆက်ခဲ့ပါတယ်။ အခုဆိုရင်တော့ Samsung က S2 မျိုးဆက်ထဲမှာ ပိုကောင်းမွန်ပြီး ပိုတန်ဖိုးကြီးလာမယ့် ပန်းရောင်နဲ့ ရွှေဖြူရောင် S2 တို့ကို တရုတ်နိုင်ငံမှာ ထပ်ပြီးတော့ မိတ်ဆက်ခဲ့ပါတယ်။
ဒီနာရီဟာ ၁၁.၄ မိလီမီတာ ထူတဲ့ ဘောင်ပေါ်မှာ နာရီအိမ်ကိုတည်ထားပြီး ၁.၂ လက်မ အကျယ်ရှိတဲ့ sAMOLED display နဲ့ လုပ်ငန်းဆောင်တာတွေကို ပြသပေးသွားမှာပါ။ ဒီနာရီကိုတော့ ၁ Ghz ရှိတဲ့ dual-core ပရော်ဆက်ဆာနဲ့ လုပ်ငန်းတွေပြုလုပ်ပေးမှာဖြစ်ပြီး ၅၁၂ RAM ရှိတာကြောင့် အတော်လေးကို အသုံးတည့်ကောင်းမွန်မယ့်နာရီတစ်မျိုးပါပဲ။
Samsung ကတော့ နာရီကို အားသွင်းစရာမလိုပဲ နှစ်ရက်လောက် ဘက်ထရီခံအောင်ပြုလုပ်ထားတယ်ဆိုပေမယ့်လည်း သူတို့ကြေညာထားသလောက်တော့ ဘက်ထရီက အသုံးမခံဘူးလို့ သုံးစွဲသူတွေက ပြောပါတယ်။
ဒီနာရီတွေဟာ သင်ဝယ်တဲ့ မော်ဒယ်အမျိုးအစားပေါ်မူတည်ပြီး လုပ်ဆောင်ချက်တွေ ကွဲပြားနိုင်တယ်လို့ Samsung က ဆိုထားပြီး ဈေးနှုန်းကလည်း နေရာဒေသအလိုက် ပြောင်းလဲနိုင်တယ်လို့ သိရပါတယ်။
( Paing A K )
#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com
Ref : neowin
0 comments:
Post a Comment