Powered by Blogger.

လန်ဒန်မှနယူယော့ခ်သို့ ၁၁မိနစ်သာပျံသန်းမည့်လေယာဉ်ကိုတီထွင်


အခုဆိုရင်တော့ နယူးယော့ခ်နဲ့ လန်ဒန်ကို လက်ဖက်ရည်တစ်ခွက်ဖျော်စာလောက်ပဲကြာတော့မယ်ဆိုရင် သင်တို့ယုံနိုင်ပါ့မလား။ ဒီအကြံဥာဏ် ဟာ အခုဆိုရင်တော့ Antipode ရဲ့ လေယာဉ်တွေမှာ စတင်မြင်တွေ့ရတော့မှာ ဖြစ်ပါတယ်။

ဒီနည်းပညာနဲ့ လေယာဉ်ကို လာမယ့် မတ်လ၂၄ ရက်နေ့မှာ စတင်ပြေးဆွဲမှာ ဖြစ်ပြီး အရင်ထုတ်ခဲ့တဲ့ အသံထက်မြန်တဲ့ Concorde လေယာဉ်တွေထက် ၁၂ဆပိုမြန်တာဖြစ်ပါတယ်။ လူဆယ်ယောက်လောက် သာစီးနင်းနိုင်ပြီး ဈေးကတော့ အနည်းငယ် များမှာဖြစ်ပါတယ်။

Antipode ဟာ တစ်နာရီကို ၁၂ ၄၃၀ မိုင်အထိမြှင့်တင်နိုင်မှာ ဖြစ်ပြီး အရင်လုပ်ခဲ့တဲ့လေယာဉ်တွေထက် ၁၂ဆပိုမြန်မှာဖြစ်ပါတယ်။ အောက်ဆီဂျင်အရည်ကိုလောင်စာအဖြစ်အသုံးပြု မောင်းနှင်မယ့် ဒီဂျက်ဟာ အသံထက် ဆယ်ဆလောက်ပိုမြန်မယ်လို့သိရပါတယ်။

ဒီပရောဂျက်ကိုဦးဆောင်သူ Charles Bombardier က "ဒီလေယာဉ်ဟာ တခြားလူတွေကို ဆူညံသံတွေနဲ့အနှောင်အယှက်ပေးမှာမဟုတ်ပါဘူး။ ဒါ့အပြင် မြေပြင်ကိုဆင်းသက်တဲ့အခါ ထုထည်ကြီးမားတဲ့အပူဒဏ်ကို လေယာဉ်ရှေ့နှုတ်သီးနဲ့ တောင်ပံတွေက ခံနိုင်ရည်ရှိအောင်လည်းပြုလုပ်ထားပါတယ်" လို့ဆိုပါတယ်။ အခုတည်ဆောက်တဲ့ အနာဂါတ်လေယာဉ်ဒီဇိုင်းဟာ ငှက်ပျံနေတဲ့ပုံစံပြုလုပ်ထားတာဖြစ်ပြီး အနာဂါတ်လေယာဉ်တွေရဲ့ ခေတ်ရှေ့ပြေးပုံစံတစ်မျိုးဖြစ်ပါတယ်။



(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Metro

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment