Powered by Blogger.

Skype ရဲ့ group video call တွေကို မိုဘိုင်းဖုန်းတွေမှာ မကြာခင်ရနိုင်တော့မည်






ဒီရဲ့ သတင်းကတော့ ကောင်းမွန်ပါတယ်။ Skype ရဲ့ video call စတင်ခဲ့တာကတော့ ဆယ်နှစ်ပြည့်တဲ့အထိတောင် ရောက်ရှိလာပြီဖြစ်ပြီး video call တွေကိုလည်း အခမဲ့စနစ်အဖြစ် ကြေညာလိုက်ပြန်ပါပြီ။ ဒီကုမ္ပဏီဟာ Microsoft ရဲ့ လက်အောက်ကို ရောက်ရှိသွားပြီးတဲ့နောက်မှာတော့ အခုလိုမျိုး ပြောင်းလဲမှုတွေကို တဖြည်းဖြည်းလုပ်ဆောင်သွားဖို့ စီစဉ်လျက်ရှိနေတာပါ။

ဒီလိုပြောင်းလဲမှုတွေမှာတော့ မိုဘိုင်းပြောင်းလဲမှုတွေကိုလည်း လုပ်ဆောင်သွားဖို့ ရှိပြီး အုပ်စုလိုက် ဗီဒီယို call ပြောတာတွေကို မိုဘိုင်းဗားရှင်းမှာပါ ရရှိအောင်လုပ်ဆောင်ပေးသွားတော့မှာပါ။  Android, iOS နဲ့ Windows စမတ်ဖုန်းတွေ အကုန်လုံးမှာ ရရှိအောင်ပြုလုပ်ပေးသွားမှာဖြစ်ပြီး ဒီရဲ့ ပြောင်းလဲမှုဟာလည်း သင့်အတွက် အခမဲ့စနစ်ဖြစ်စေမှာပါ။

အရင်တုန်းကတော့ အုပ်စုလိုက် ဗီဒီယိုနဲ့ ပြုလုပ်မှုတွေကိုတော့ VoIP စနစ်နဲ့သာ ပြုလုပ်ထားတာကြောင့် ကွန်ပျူတာတွေနဲ့သာ ယခင်က ရရှိခဲ့ပေမယ့်လည်း အခုအချိန်မှာတော့ မိုဘိုင်းဖုန်းတစ်လုံးကို အသုံးပြုပြီး  သင့်ရဲ့အရှေ့မှာ သူငယ်ချင်းတွေ ၊ မိသားစုဝင်တွေ တကယ်ရောက်ရှိနေသလိုပဲ ပြောကြားနိုင်တော့မှာဖြစ်ပါတယ်။ 

Skype ဟာ လက်ပ်တော့နဲ့ ကွန်ပြူတာတွေဘက်မှာ အားစိုက်နေရာကနေ အခုဆိုရင်တော့ မိုဘိုင်းဈေးကွက်ဘက်ကိုလည်း ပြန်လည် အာရုံစိုက်ပြီး လုပ်ဆောင်လာတာကို တွေ့ရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com


Ref : Mirror
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment