Powered by Blogger.

Star Wars ပရိတ်သတ်တစ်ယောက် Lightsaber တစ်ချောင်းပြုလုပ်


လျှပ်စစ်အင်ဂျင်နီယာကျောင်းသားတစ်ယောက်ဖြစ်တဲ့ Allen Pan ဟာ Star Wars ရုပ်ရှင်တွေထဲမှာ ပါဝင်တဲ့ Lightsaber တစ်ခုအတိုင်း တူညီအောင်ပြုလုပ်ခဲ့တဲ့ ဗီဒီယိုကို You Tube မှာတင်ခဲ့ပြီး နာမည်ကြီးလာခဲ့ပါတယ်။

Allen Pan ဟာသူ တည်ဆောက်ခဲ့တဲ့ Lightsaber ကို ဘေးနားကကြည့်နေတဲ့သူတွေတောင် ကြောက်လန့်သွားစေနိုင်ဖို့နဲ့ Lightsaber ကိုင်ပြီးခပ်မိုက်မိုက်နဲ့ ဂုဏ်ယူနိုင်အောင်ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီ ပစ္စည်းရဲ့ ဓားသွားဟာ Neon မီးတောက် နဲ့တောက်လောင်ပြီး တစ်မီတာလောက်ထိရှည်လျားတာဖြစ်ကာ မီးခြစ်တစ်ခုအနေနဲ့ပါအသုံးပြုလို့ ရနိုင်တာဖြစ်ပါတယ်။

လောင်စာအနေနဲ့ မီသနောလ်၊ အေ့စ်တုန်း နဲ့ ဗျူတိန်း ရောနှောလောင်စာဆီတစ်မျိုးကိုအသုံးပြုမှာ ဖြစ်ပြီး အဲ့ဒီလောင်စာကို နစ်ခရုန်းသတ္တုစပ်ဂေါက်မီးစာ တစ်ခုကိုဖြတ်သန်းလိုက်တဲ့အခါ မီးတောက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ဒီနည်းပညာဟာ နောက်ပိုင်းမော်ဒယ် ဒုံးပျံတွေကို တွန်းအားပေးမယ့် ပုံစံအဖြစ်လည်းတွေ့ရမှာဖြစ်ပါတယ်။

ဒီဒီဇိုင်းဟာ Star Wars မှာ ပါတဲ့ Light Saber မှာ ပါဝင်တဲ့ ဒီဇိုင်းနဲ့ စာရင် အလွန်ပါးလွှာပြီး အဆိုပါဓားလိုပဲ အသံတွေလည်းပါဝင်ပါတယ်။


(Blue Lion)

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Independent
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment