Powered by Blogger.

နေအဖွဲ့အစည်းရဲ့ ကိုးခုမြောက်ဂြိုလ်လို့ယူဆရတဲ့ ဂြိုလ်တစ်လုံးကို ရှာဖွေတွေ့ရှိ



ကျွန်တော်တို့ကမ္ဘာတည်ရှိရာနေအဖွဲ့အစည်းရဲ့ အစွန်အကျဆုံးနေရာမှာ ဂြိုလ်ကြီးတစ်လုံး ပုန်းကွယ်တည်ရှိနေတယ်လို့ ကယ်လီဖိုးနီးယားနည်းပညာတက္ကသိုလ်က ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။

ဒီဂြိုလ်ကြီးဟာ ကျွန်တော်တို့ကမ္ဘာဂြိုလ်ထက် ၁၀ ဆ ပိုကြီးပြီး၊ နေအဖွဲ့အစည်းရဲ့ ကိုးလုံးမြောက်ဂြိုလ်ဖြစ်လာနိုင်ပါတယ်။

လက်တွေ့မျက်မြင်ပိုင်းအရ ဒီဂြိုလ်ကိုရှာဖွေမတွေ့ရှိသေးသော်လည်း နေအဖွဲ့အစည်းအစွန်ပိုင်းက ဂြိုလ်သိမ်တွေနဲ့ တခြားအရာဝတ္တုတွေရွေ့လျားပုံလမ်းကြောင်းကို လေ့လာကြည့်ရှုကြည့်ရာမှာ၊ ဒီဂြိုလ်တွေရဲ့ ပတ်လမ်းဟာ တစ်နေရာမှာပုန်းကွယ်နေတဲ့ဂြိုလ်ကြီးတစ်လုံးရဲ့ ဆွဲအားသက်ရောက်မှုကို ခံနေရကြောင်း တွေ့ရှိခဲ့တာဖြစ်ပါတယ်။

" ကျွန်တော်တို့နေအဖွဲ့အစည်းအတွင်းမှာ တခြားဂြိုလ်ကြီးတစ်လုံးရှိနေဦးမယ်ဆိုရင်တော့၊ ဒီဂြိုလ်ပဲဖြစ်ပါလိမ့်မယ်။ ဒီဂြိုလ်ကိုရှာဖွေတွေ့ရှိခဲ့ရင်တော့ တကယ့်ကို ထူးခြားမှုတွေပြည့်နှက်နေမှာပါ" လို့ ကယ်လီဖိုးနီးယားတက္ကသိုလ်က သိပ္ပံပညာရှင် Greg Laughlin က ပြောကြားခဲ့ပါတယ်။

ဒီဂြိုလ်ဟာ၊ ကမ္ဘာထက် သုံးဆကနေ ဆယ်ဆအထိကြီးနေနိုင်ပြီး၊ ကမ္ဘာနဲ့နေရဲ့အကွာအဝေးထက်၊ အဆပေါင်း ၂၀၀ ကျော် ၃၀၀ လောက် နေနဲ့ဝေးတဲ့နေရာမှာရှိနေနိုင်ပါတယ်။ အရမ်းဝေးလွန်းတာကြောင့် ဒီဂြိုလ်ဟာ နေကို တစ်ပတ်လည်ပတ်နိုင်ဖို့အတွက် နှစ်ပေါင်း ၂၀၀၀၀ လောက်ကြာမြင့်မှာဖြစ်ပါတယ်။

ဒီလောက်ဝေးကွာတဲ့အကွာအဝေးက ဂြိုလ်တစ်လုံးကို မျက်မြင်တွေ့ရှိနိုင်ဖို့ဆိုတာ မဖြစ်နိုင်သလောက်ဖြစ်ပြီး၊ လက်ရှိအသုံးပြုနေတဲ့အကြီးဆုံးတယ်လီစကုပ်နှစ်ခုတောင် ရှာမတွေ့နိုင်လောက်အောင် ဝေးတယ်လို့ သိရပါတယ်။

နေအဖွဲ့အစည်းအတွင်း ၁၉၃၀ ခုနှစ်မှာ ပလူတိုဂြိုလ်ကို ကိုးခုမြောက်ဂြိုလ်အဖြစ်နောက်ဆုံးပေါင်းထည့်ခဲ့ပြီး ၊ ပလူတိုဟာ ၂၁ ရာစုရဲ့နှစ်တော်တော်များများမှာ နေအဖွဲ့အစည်းရဲ့ဂြိုလ်တစ်လုံးအဖြစ်ရှိနေခဲ့ပေမယ့်၊ ၂၀၀၆ ခုနှစ်မှာ ဂြိုလ်အဆင့်ကနေ ဂြိုလ်သိမ်ဂြိုလ်မွှား တစ်ခုအဖြစ် အဆင့်လျော့ချခဲ့ရပါတယ်။

ယခုပျောက်ကွယ်နေတဲ့ဂြိုလ်ကြီးကိုရှာတွေ့မယ်ဆိုရင်တော့၊ ကျွန်တော်တို့နေအဖွဲ့အစည်းဟာ အရင်လို ဂြိုလ်ကြီးကိုးလုံးပြန်ရှိနိုင်မှာဖြစ်ပါတယ်။

( Ye Wint)

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref: Independent
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment