Powered by Blogger.

ကလေးတွေကိုယ်တိုင် အရုပ်တွေဖန်တီးနိုင်မယ့် 3D printer


Mattel ဟာဆိုရင်တော့ ကလေးတွေကိုယ်တိုင် ဒီဇိုင်းပုံဖော်ပြီး ကစားချင်တဲ့ အရုပ်တွေ ပြုလုပ်နိုင်မယ့် 3D printer တစ်ခုကို ထုတ်လုပ်လိုက်တယ်လို့ သိရပါတယ်။

ThingMaker လို့အမည်ပေးထားတဲ့ ဒီ printer ဟာဆိုရင်တော့ ဒေါ်လာ ၃၀၀ လောက်သာ ကျသင့်မှာဖြစ်ပြီး ကလေးတွေအနေနဲ့ ကိုယ်လိုချင်တဲ့အရုပ်ပုံစံကို ပြုလုပ်ပြီး ဖန်တီးဆော့ကစားနိုင်မှာဖြစ်ပါတယ်။



Mattel ဟာဆိုရင်တော့ ဒီ printer မှာ တွဲဖက်ပြီး အသုံးပြုဖို့အတွက် Autodesk ဆိုတဲ့ software တစ်ခုကို အသုံးပြုရမှာဖြစ်ပါတယ်။ ဒီဆော့ဖ်ဝဲနဲ့ ကိုယ်လိုချင်တဲ့ အရုပ်ပုံစံကို ရေးဆွဲနိုင်မှာဖြစ်ပြီး ကင်းမြှီးကောက်ပုံတွေ ၊ အရိုးငြမ်းပုံတွေ ၊ ဒိုင်နိုဆောပုံ ၊ စက်ရုပ်ပုံတွေကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

ကုန်ကြမ်းတွေအဖြစ်တော့ ကာလာအလွှာတွေကို အသုံးပြုရမှာ ဖြစ်ပြီး အရောင် ၂၄ ရောင်နဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။ လက်စွပ်လေးတစ်ခုပြုလုပ်ဖို့အတွက်တော့ ဒီ ပရင်တာက နာရီဝက်လောက်သာ အချိန်ယူရမှာဖြစ်ပြီး ကြီးမားတဲ့အရုပ်တွေအတွက်တော့ ခြောက်နာရီကနေ ရှစ်နာရီအထိ အချိန်ယူရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။


( Paing A K )


#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Huffingtonpost
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment