Powered by Blogger.

၃.၆၆ ဒေါ်လာသာ ကျသင့်မယ့် ကမ္ဘာ့တန်ဖိုးအနည်းဆုံး စမတ်ဖုန်းကို အိန္ဒိယက ထုတ်လုပ်




လူသိနည်းတဲ့ အိန္ဒိယကုမ္ပဏီတစ်ခုဟာဆိုရင်တော့ ကမ္ဘာပေါ်မှာ တန်ဖိုးအနည်းဆုံးဖြစ်လာမယ့် စမတ်ဖုန်းတစ်မျိုးကို မိတ်ဆက်ပြသလိုက်ပါတယ်။ “The Freedom 251” လို့ နာမည်ပေးထားတဲ့ ဒီဖုန်းဟာဆိုရင်တော့ မြန်မာကျပ်ငွေအနေနဲ့ဆိုရင်တော့ ၄၅၀၀ လောက်သာကျသင့်မှာပါ။

ဒီဖုန်းမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်တွေကလည်း ဖုန်းတန်ဖိုးနဲ့မလိုက်ဖက်အောင်ကို စွမ်းဆောင်ရည် မြင့်မားနေတာကို တွေ့ရပါတယ်။

ဒီဖုန်းကိုတော့ Ringing Bells လို့ အမည်ပေးထားတဲ့ အိန္ဒိယကုမ္ပဏီတစ်ခုက ထုတ်လုပ်ခဲ့တာဖြစ်ပြီး စတင်ရောင်းချလျက်ရှိနေပြီလို့လည်း သိရပါတယ်။ အခြေခံလူတန်းစားတွေအတွက် အဆင်ပြေစေမယ့် ဈေးနှုန်းတစ်ရပ်နဲ့ဖုန်းတွေကို ဒစ်ဂျစ်တယ်ဈေးကွက်တစ်ခုအဖြစ်ချဲ့ထွင်လိုက်တာ ဖြစ်တယ်လို့လည်း သုံးသပ်လျက်ရှိနေကြပါတယ်။

ဒီဖုန်းကိုတော့ ဖုန်းအလုံးရေ ငါးသိန်းအထိ ရောင်းချပေးသွားမှာဖြစ်ပြီး ဒီဖုန်းရဲ့ပုံစံကတော့ iPhone 5 နဲ့ ပုံစံတူလေးဖြစ်နေတာကိုလည်း တွေ့ရမှာပါ။ “The Freedom 251” ဖုန်းဟာဆိုရင်တော့ Android 5.1 Lollipop ဗားရှင်းကို အသုံးပြုထားပြီး 3G အင်တာနက် ၊ WiFi ၊ Bluetooth နဲ့ GPS စနစ်တွေကိုလည်း အသုံးပြုသွားနိုင်မှာဖြစ်ပါတယ်။ မျက်နှာပြင်ပြသမှုအနေနဲ့တော့ လေးလက်မအကျယ်မှာ 960×540 IPS Display ကို အသုံးပြုထားပါတယ်။




Dual Sim အသုံးပြုနိုင်မယ့် ဒီဖုန်းဟာဆိုရင်တော့ အာမခံတစ်နှစ်လည်း ပေးထားပါသေးတယ်။

RAM ကတော့  1 GB အထိပါဝင်လာမှာဖြစ်ပြီး ဖုန်းသိုလှောင်နိုင်စွမ်း 8 GB နဲ့အတူ micro SD card ကိုလည်း ထပ်တိုးသုံးစွဲနိုင်မှာဖြစ်ပါတယ်။ ကျောဘက်ကင်မရာကတော့ 3.2 MP အထိပါဝင်လာမှာဖြစ်ပြီး ရှေ့ကင်မရာကတော့ 0.3 MP သာ ပါဝင်လာမှာဖြစ်တာကြောင့် ကင်မရာပိုင်းကတော့ အတော်လေးအားနည်းပါတယ်။

ဘက်ထရီကတော့ 1450mAh ဘက်ထရီကို အသုံးပြုထားတာကြောင့် မဆိုးဘူးလို့ ပြောရမှာဖြစ်ပြီး လေးဒေါ်လာ နီးနီးပဲ ကုန်ကျမယ့် ဒီဖုန်းဟာဆိုရင်တော့ အရမ်းတန်တဲ့ ဖုန်းလို့သာ ညွှန်းဆိုရမှာဖြစ်ပါတယ်။





( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref :  Dailymail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment