Powered by Blogger.

Facebook ရဲ့ Friends Day ဗီဒီယိုဖိုင်မှာ ကိုယ်မလိုချင်တဲ့ အတိတ်တွေကို ပယ်လို့ရ



Facebook သက်တမ်း ၁၂နှစ်ပြည့်အနေနဲ့ Friends Day ဗီဒီယိုဖိုင်ကို Facebook က ထုတ်လုပ်လိုက်ပါတယ်။ အဲ့ဒီ့မှာ Facebook အသုံးပြုသူတွေအနေနဲ့ ကိုယ်သူငယ်ချင်းတွေ နှစ်ပေါင်းများစွာက အတိတ်တွေ၊ ချစ်စရာကောင်းတဲ့ အတိတ်လေးတွေကို ဓာတ်ပုံလေးတွေနဲ့ ဗီဒီယိုဖိုင်လေး လုပ်လို့ရပါတယ်။

Friends Day ဗီဒီယိုဖိုင်ကို စစမြင်ချင်း ဒီအတိုင်း share လိုက်ရင်တော့ facebook ကရွေးချယ်ပေးထားတဲ့ ဓာတ်ပုံတွေပဲ ပါမှာပါ။ သူငယ်ချင်းတွေအများကြီးထဲကမှ ၃၊၄ယောက်၊ ဓာတ်ပုံတွေအများကြီးထဲကမှ ၃၊၄ ပုံဆိုတော့ ကိုယ်ထည့်ချင်တဲ့ ပုံတွေထည့်မရဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ facebook က edit ပးလုပ်ထားပါတယ်။ ကိုယ်လိုချင်တဲ့ ပုံတွေကို အစီအစဉ်လိုက်ပြန်ရွေးလိုက်မယ်ဆိုရင် ကိုယ့်အတွက်အကောင်းဆုံး Friends Day ဗီဒီယိုဖိုင်လေးကို ရမှာပါ။

Edit ပေးလုပ်တာ ကောင်းကွက်ပဲဆိုရမှာပါ။ Edit ပေးလုပ်တာကို မသိတဲ့သူတစ်ယောက်ကတော့ “ကျေးဇူးပဲ facebook ရေ။ Friendship Day ဗီဒီိယိုမှာ ငါ့ရည်းစားဟောင်းတွေ အကုန်လုံးကို ထည့်သွားတယ်။" လို့ Facebook ကိုရွဲ့သွားပါတယ်။

Skyler

# သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: Daily Mail

Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment