Powered by Blogger.

Hardware ပိုင်းထိခိုက်ထားတဲ့ iPhone တွေကို နောက်ဆုံးထွက် iPhone တွေနဲ့ လဲပေးမယ့် Apple



Apple ဟာဆိုရင်တော့ သင့်ရဲ့မှန်ကွဲနေတဲ့ iPhone တွေ ၊ Home Button ပျက်နေတဲ့ iPhone တွေကို နောက်ဆုံးထွက် iPhone အသစ်တစ်လုံးနဲ့ လဲလှယ်ပေးမယ်အစီအစဉ်ကို စတင်လိုက်ပြီဖြစ်ပါတယ်။

Apple ဟာဆိုရင်တော့ သူတို့ရဲ့ ပြန်လည်အသုံးပြုရေးနဲ့ ပြန်လည်ပြုပြင်ရေးအစီအစဉ်တွေကို အခုလို အဆင့်မြှင့် ပြင်ဆင်လိုက်တာဖြစ်ပြီး သင့်အနေနဲ့ iPhone ရဲ့ hardware ပိုင်းတစ်ခုခုဖြစ်လာတာနဲ့ နောက်ဆုံးထွက် iPhone နဲ့ လဲလှယ်နိုင်မှာဖြစ်ပါတယ်။

သူတို့ရဲ့ အခုလိုအစီအစဉ်ဟာတော့ တရားဝင်ထုတ်ပြန်သေးခြင်းမရှိဘဲနဲ့ အခုထက်ထိတော့ ထိခိုက်မှုမရှိထားတဲ့ iPhone တွေကိုပဲ နောက်ဆုံးပေါ် iPhone နဲ့ လဲထပ်ခွင့်ပြုလုပ်ထားခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာဆိုရင်တော့ ဒီတစ်ပတ်အတွင်းမှာ အခုလိုအစီအစဉ်ကို စတင်သွားနိုင်ဖွယ်ရှိနေပြီး မှန်ကွဲဖုန်းတွေ ၊ ကွဲနေတဲ့ ကင်မရာတွေနဲ့  home ခလုတ်ပျက်နေတဲ့ iPhone တွေကို Apple လက်လီစတိုးတွေမှာ နောက်ဆုံးပေါ် iPhone တွေနဲ့ လဲလှယ်နိုင်တော့မှာဖြစ်ပါတယ်။

Apple ဟာ သင့်ဆီကနေတော့ အလိုက်ပေးငွေတောင်းခံအုံးမှာဖြစ်ပြီး အကယ်လို့သင့်ရဲ့ပျက်စီးနေတဲ့ iPhone ကို iPhone 5S အသစ်တစ်လုံးနဲ့ လဲချင်ရင်တော့ ဒေါ်လာ ၅၀ ၊ iPhone 6 နဲ့လဲချင်ရင်တော့ ဒေါ်လာ ၂၀၀ ၊ iPhone 6S နဲ့လဲချင်ရင်တော့ ဒေါ်လာ ၂၅၀ ထပ်ဆောင်းပေးသွားရမှာဖြစ်ပါတယ်။ Apple ဟာဆိုရင်တော့ အခုလို hardware ပိုင်းပျက်ဆီးရတဲ့ အကြောင်းရင်းကို ပြောနိုင်မှသာ လဲလှယ်ပေးမှာလည်းဖြစ်ပါတယ်။

အခုလိုအစီအစဉ်တွေကိုတော့ မကြာခင်မှာ ကမ္ဘာတစ်ဝှမ်းက Apple စတိုးတွေမှာ လဲလှယ်နိုင်တော့မှာဖြစ်ပြီး သုံးစွဲသူတွေဆီက hardware ပိုင်းဆိုင်ရာ ပြဿနာတွေကို လေ့လာပြီး  hardware ပိုင်း ပိုမိုကောင်းမွန်မယ့် iPhone တွေကို ထုတ်လုပ်ဖို့ Apple က ရည်ရွယ်ထားတယ်လို့ သိရပါတယ်။


( Paing A K )

#သစ်ထူးလွင်(နည်းပညာ)
#technology.thithtoolwin.com

Ref : Express
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment