Powered by Blogger.

တစ်နေ့တစ်နာရီ လေ့ကျင့်ခန်းလုပ်ရုံနဲ့ ၂၄နာရီ လျှပ်စစ်ဓာတ်အားရမယ့် 'Free Electric'



ဒီလေ့ကျင့်ရေး စက်ဘီးကို တစ်နေ့တစ်နာရီ နင်းရုံနဲ့ ကိုယ့်အိမ်အတွက် ၂၄နာရီ လျှပ်စစ်ဓာတ်အား အခမဲ့ ရစေမယ်လို့ သတင်းရရှိပါတယ်။

ကမ္ဘာပေါ်က လူသန်းပေါင်းများစွာဟာ လျှပ်စစ်မီးမရရှိခြင်း၊ လျှပ်စစ်မီးကို အချိန်ပိုင်းသာ ရရှိခြင်း စတဲ့ မပြည့်စုံမှုတွေ ခံစားနေရဆဲပါ။ ဒီကို ဖြေရှင်းဖို့အတွက် ကြိုးစားခဲ့တဲ့သူတစ်ယောက် ရှိပါတယ်။ Billion in Charge ကုမ္ပဏီပါ။

'Free Electric' ဖြေရှင်းချက်လို့ ခေါ်ပါတယ်။ သာမန်စက်ဘီးဆိုင်မှာ ဝယ်လို့ရတဲ့ စက်ဘီးကို အသုံးပြုထားပြီး Billions in Charge နည်းပညာနဲ့ ၂၄နာရီ အသုံးပြုနိုင်တဲ့ လျှပ်စစ်ကိုထုတ်လုပ်ပေးနိုင်ပါတယ်။ ဒီလိုထုတ်လုပ်ပေးနိုင်ဖို့အတွက် တစ်နာရီပဲ နင်းဖို့ လိုအပ်ပါတယ်။

အိန္ဒိယမှာ နောက်လဆိုရင် စတင်ဖြန့်ချိပါပြီ။ ဒီနှစ်နှောင်းပိုင်းမှာ အစီးရေ ၁၀၀၀၀ ထုတ်လုပ်နိုင်ဖို့ကိုလည်း မျှော်လင့်ထားကြပါတယ်။

ဒီ 'Free Electric' ရဲ့ တန်ဖိုးကတော့ ထုတ်လုပ်နိုင်တဲ့ စွမ်းအင်ပမာဏပေါ်မူတည်ပြီး အခမဲ့ ကနေ ကန်ဒေါ်လာ ၂၅၀ထိ အစားစားရှိပါတယ်။

( Skyler )

#သစ်ထူးလွင်(နည်းပညာ)

#technology.thithtoolwin.com

Ref: Daily Mail
Share on Google Plus

About Staff Writer

သစ်ထူးလွင် နည်းပညာဆိုဒ်သည် နည်းပညာ မိုဘိုင်းဖုန်းနှင့် အီလက်ထရောနစ်ပစ္စည်းများနှင့် ပတ်သက်သော သတင်းများကို ဖေါ်ပြပေးသည့် ဆိုဒ်တစ်ခုဖြစ်သည်။
    Blogger Comment
    Facebook Comment

0 comments:

Post a Comment